ခေါင်းစဉ်ကိုကြည့်ပြီး Military Vehicles များ ( FAW, Aerolus, Lanjian ) တွေကိုပြောတာထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲ့ဒီ့ကားတွေက ချာတူးလန် အဆင့်ထက်တောင်ကျော်နေပါပြီ မဟာချာတူးလန်ဖြစ်နေပါပြီ။ အဲ ဒါပေမယ့် ကျွန်တော်ပြောမှာက War Action Movie တွေအကြောင်းပါ။
၂၀၀၀ ခုနှစ် ၀န်းကျင်က ရုံတင်ခဲ့ပြီး အော်စကာတလှေကြီး သိမ်းကြုံးယူသွားတဲ့ Saving Private Ryan ကိုရုပ်ရှင်ပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူး။ မင်းသားကြီး Tom Hank ရဲ့ စစ်ခေါင်းဆောင်တယောက်ရဲ့စိတ်ခံစားချက် ပေါ်လွင်တဲ့မျက်နှာသွင်ပြင်၊ သွေးချင်းချင်းနီနေတဲ့ အဂ်လိပ်ရေလက်ကြား၊ Omaha Beach၊ အတုံးအရုံးကျဆုံးနေတဲ့ အမေရိကန် မရိန်းတပ်သားတွေ၊ ရက်စက်လှတဲ့ ဂျာမန်စက်သေနတ်ကြီးတို့ကို မြင်ယောင်မိမှာဖြစ်ပါတယ်။ အမေရိကန် မရိန်းတပ်သားများကို သနားကြသည်၊ လေးစားကြသည်၊ ရန်သူဂျာမန်တို့အပေါ် ရွံမုန်းကြသည်။ ရုပ်ရှင်ကောင်းတခု၏ ရသ သာမက လူတိုင်း၏စိတ်နှလုံးတွင် စူပါပါဝါ အမေရိကန်ကိုလေးစားမိကြသည်။
ပြန်တွေးကြည့်ပါ
29 July, 2012
18 July, 2012
ဆွမ်းကပ်အလှူ ဖိတ်ကြားလွှာ
ဆွမ်းကပ်အလှူ ဖိတ်ကြားလွှာ
ဝါတွင်းကာလ ရောက်ပြီဆိုမှဖြင့် မြန်မာတို့ ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံရှိသည့်အားလျှော်စွာ ဘု၇ားကျောင်းကန်သွားကာ သီလဆောက်တည် ကုသိုလ်ကုသိုလ်ပြု အမျှအတမ်းပေးဝေမှုကို ပြုဘို့ ရန် မမေ့လျော့ကြပေ။
(၅၊ ၈၊ ၂၀၁၂) တနင်္ဂနွေနေ့ တွင် ဝါဆိုဦးကုသိုလ်အဖြစ် အညာမြေသူငယ်ချင်းတစ်စု စုပေါင်းကာ သံဃာတော်အရှင်သူမြတ်တို့ အား နေ့ ဆွမ်းဆက်ကပ်ပြီး ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း၍ တရားတော်နာ၊ မေတ္တာပို့  အမျှအတမ်းပေးဝေလိုပါသဖြင့် နွေအားလပ်၇က် အနားယူ လည်ပတ်ရင်း ပျော်ရွင်စွာ ဆုံတွေ့ ကြပါစို့
မြန်မာထ္မင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးပါမည်။
နေရာ - သန္တိကရဝိဟာရကျောင်းတော် အန်ဆန်းမြို့
နေ့၇က်နှင့် အချိန် - ၅၊ ၈၊ ၂၀၁၂ (မနက် ၁၀ နာရီ တရားနာ)
ခင်မင်စွာဖြင့်
အညာမြေသူငယ်ချင်းတစ်စု
Subscribe to:
Posts (Atom)