သယ် !!!! ဒီငမိုက်သား..
လွှတ်ထားလို့ လွှတ်ထားမှန်းမသိ..
စာရေးဆရာယောင်ယောင် .. ဘာယောင်ယောင်နဲ့ .. ငတို့ ဘွရှင်မင်းတြားကြီးကိုများ ဘပြောင်..ဘပြောင်နဲ့ .. အသရေမတိုး ဂုဏ်ရှိန်ညှိုးမယ့် ပို့စ်တွေ ဖေ့ဘွတ်ပေါ်မှာ တင်နေပါရောလား....
သွားးးး.. ယောင်ကိုဆွဲ .. ခြေကိုတည်းလို့ .. တောင်စွယ်နေကွယ်ရင် မြောက်စမုဒ်ကထုတ်..
(ရ ဥ)ကိုမီးဖုတ်ပြီးသတ်စေ..အမိန့်တော် ))))))) ......
*********************************************************************************************
အချိန်ကား .......
------------
အချိန်ကား မြန်မာ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ကုလားဖြူသက္ကရာဇ် ၂၀၁၃ ခုနှစ် ပြည်ထောင်စုဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးတွင် အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ (ဘာဆိုလားပဲ) ဦးသိန်းစိန် ဟူသော မင်းတြားကြီး ထီးနန်းအုပ်ချုပ်ဘုရင်လုပ်နေတော်မူချိန်ဖြစ်လေသည်။
အဆိုပါမင်းတြားကြီးသည် မျိုးရိုးစဉ်ဆက် ဘုရင်ဇာတ်မပါသော်ငြား.
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
23 October, 2012
06 June, 2012
FACEBOOK ဂေါ်လီ
ဟိတ်...!!!
မနက်ခင်း စောစောစီးစီး အိပ်ရာကထ စိတ်မှာထကြွတော့ ဖေ့ဘုတ်မှာထချ လူသိကြီးတစ်ယောက်လို လူတတ်ကြီးတစ်ယောက်လို အခုအတင်းအဖျင်းချတော့ စိတ်နာရမလား။
သိသလိုလို တတ်သလိုလိုနဲ့ ရဲရဲတောက်ကာ အပြတ်ချဲတယ် အမှတ်အသားတစ်ခုက နာမည်ရှေ့မှာ တံဆိပ်ကြီးကြီးတစ်ခု တပ်ထားတယ်။
ဖေ့ဘုတ်ထဲ လျှောက်လည်ရင် ဘက်လိုက်တဲ့စိတ်နဲ့ ကြွတ်စုပ်ကြမ်းပိုးလို ခွက်ပုန်းခုတ်ခဲ့ အကျင့်ကတော့ လိပ်လိုမျိုး ငါ့ကို အမှန်အကန် နေထိုင်သူတွေ စိတ်တွေဆိုး အလုပ်အကိုင်ရာထူးက ၁၀၉ ၁၁၀ ဘဝဆိုးလှတယ် ငါ့ကို ဘလော့ကြမယ်တဲ့ ဂိုက်ပေးကြမ်းတယ်နော် ခေါင်ထဲမှာက လေတွေနဲ့ပူ ကွန်နက်ရှင်လေးများရှိရင် တစ်ရွာလုံးနားဆူ လုပ်သမျှကို အတင်းလိုဆို ကိုယ့်ဘက်ကတော့ သိပ်ယက်ဆဲ ကိုဆူကာဘတ်ရဲ့ ဖေ့ဘုတ်ထဲ။
(အားလုံလိုက်ကြ ငါ့ပိုစ်တင်လိုက်ပြီ ငါ့ကိုသိတတ်ကြသူများ အော့ကြောလန်သည် ရွာပြင်က ဘဲတွေကတော့ သိပ်မကြည့် ငါ့နာမည်က ဖေ့ဘုတ်ဂေါ်လီ) ၂။
ဖေ့ဘုတ်ဖွင့်လို့ တစ်နေကုန်ထိုင်ပြီး နေရာတကာ ဆရာကြီး။ ဒုန်းဒုန်းဒိုင်းဒိုင်း အာအကျယ်ကြီး နေရာတကာ လိုက်ပွားမည်။ ညဘက်နှိပ်စက် အသံကုန်ဟစ်ပြီး မိုက်ရိုင်းတာမှာ ဆရာကြီး။ မိုးလင်းမိုးချုပ် ပုံတွေတင်ပြီး ရဲရဲတောက်တွေ သိပ်ကြိုက်သည်။
နေညိုချိန်ဆို အားလုံး ဆရာတွေအကုန် ဖေ့ဘုတ်ကြသည်။ မယောင်မလည်နဲ့ ဝင်မန့်ပြီး ရေရေလည်လည် ပွားပြီး။
နာမည်ကျော်တဲ့ မင်းရဲ့စိတဓါတ် မင်းလုပ်ထုံး အသဲထဲ ရစ်ဖွဲ့ထုံး အိုင်ဒီယာတွေ မင်းလေးမပြောနဲ့ ဘယ့်နှယ့်တုန်း ငါလိုက်လို့မမီဘူး။
((ခဏခဏ ဖွပါဟေ့) ၄။ ဖေ့ဘုတ်ထဲမှာ )) ၂။
ဟိတ်ကောင်တွေ ဟိတ်ကောင်တွေ မလျှော်သွားနဲ့ တကယ်သိသူတွေက ဝင်ပြီးပြောတယ် (ဒီတော့) ဖေ့ဘုတ်တစ်ခုလုံးထက် ငါပိုပြီးမိုက်တယ် မှန်တာတွေ တိကျစရာတွေ သိပ်မလိုပါ ဒါဟာအပိုပါ နင်ကြိုက်ရင်တော့ လိုက်ခဲ့။ ကြိုက်တယ် နင်ဟာ ငါဘာရေးရေး ထောက်ခံသူ။ ငါ့ပြောတာ လာဝင်ပွားသူတွေ ငါဘလော့ပြစ်မယ်။ ဒီမိုကရက်တွေ ရီပါဘလစ်ကန်တွေ ညဆိုရင်ရူး ကျန်တာတွေ လာမပြောနဲ့ မသိချင်ပါဘူး။
သတင်းတွေတိကျစရာ ဘာမှသိပ်မလိုဘူး ငါ့နာမည်ဂေါ်လီ ငါ့သတင်းဆို သိပ်ကိုထူး။ ရဲရဲတောက်တွေရှေ့ရောက်ရင် အမူပိုလို့ လူကိုသမုတ်ကြတာ သောက်ရူးကြီး... ဗျို့။ ပြဿနာမတက်ပဲ ရဲရဲတောက်ချင်ရင် ဖေ့ဘုတ်မှာကျင့်။ ဒီမှာ စဉ်းစား စိတ်ကူးယဉ် ထိုင်နေရင်း အင်း...။
(((အားလုံလိုက်ကြ ငါ့ပိုစ်တင်လိုက်ပြီ ငါ့ကိုသိတတ်ကြသူများ အော့ကြောလန်သည် ရွာပြင်က ဘဲတွေကတော့ သိပ်မကြည့် ငါ့နာမည်က ဖေ့ဘုတ်ဂေါ်လီ) ၄။
(((ခဏခဏ ဖွပါဟေ့) ၄။ ဖေ့ဘုတ်ထဲမှာ ) ၂။) ၂။
Facebook share
Subscribe to:
Posts (Atom)