24 February, 2013

MYANMAR UNIOCDE FONT 4

သင့်အနေနဲ့ ဇော်ဂျီလက်ကွက်ပဲ ကျွမ်းကျင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး ၊ အဲဒိအတွက်လည်း ဇော်ဂျီလက်ကွက်အတိုင်းပဲ ရိုက်လို့ရအောင် စီမံပေးထားကြပါတယ်၊ အဲလို ရိုက်လို့ရနိုင်ဖို့အတွက်

၁။ဒီနေရာကနေ NHM ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းလုဒ် လုပ်ဖို့ လိုအပ်ပါတယ်။
၂။ ဒေါင်းလုဒ်ပြီးတာ နဲ့ ကိုယ်ထားချင်တဲ့နေရာမှာ Extract လုပ်ပါ။
၃။NhmWriter.exe ကို run ပါ.. Taskbar ပေါ်ရှိ Tray Icon မှာ ခေါင်းလောင်းပုံလေးကို တွေ့ရမှာဖြစ်ပါတယ် ။ မောက်စ်နဲ့ ထောက်ကြည့်ပါ (အလွယ်မှတ်ရန် Alt +1 = Myanmar3) ခေါင်းလောင်းလေး အ၀ါရောင်ပြောင်းသွားရင် Myanmar3 ကိုရိုက်လို့ရပါပြီ။ .. သူက ဇော်ဂျီလက်ကွက်နဲ့ ရိုက်တာကို Myanmar3 unicode နဲ့ ဖော်ပြပေးနိုင်တာပါပဲ.. ဒီလိုဖော်ပြပေးနိုင်ဖို့အတွက် IT ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရာဗီ ဆိုသူက စည်းမျဉ်းပေါင်း ၁သိန်းကျော် ပါဝင်တဲ့ Keyboard ဖိုင်ကို ဖန်တီးခဲ့ပြီး India က NHM(New Horizon Media) Company မှ တဆင့် အခမဲ့ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
သတိထားရန်။ ။ NHM ကိုအသုံးပြုနေစဉ်မှာ ဇော်ဂျီကိုပြန်ပြောင်းဖို့ Ctrl + Shift ကို နှိပ်လို့မရပါဘူး။
Alt +1 or Alt + 0 ကိုနှိပ်မှ ခေါင်းလောင်းလေးက ပြန်မှိန်သွားပြီး ဇော်ဂျီကိုပြန်လည်အသုံးပြုလို့ရမှာဖြစ်ပါတယ်။


Zawgyi-One ရော Myanmar3 ကိုပါ ဖတ်လို့ရအောင်လုပ်ခြင်း
သင်ဟာ IE user ဖြစ်ခဲ့မယ်ဆိုရင် ie.css နဲ့ Myanmar3_IE.reg ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့
Myanmar3_IE.reg ကို install လုပ်ပါ ။ ပြီးရင် Option ထဲမှာ Zawgyi-One ကိုပေးထားရပါမယ်.။ ဒါမှ ဇော်ဂျီရော မြန်မာ၃ကိုရော ဖတ်နိုင်မှာဖြစ်ပါတယ်.. အရင်ကတည်းက ဇော်ဂျီကို ဖတ်လို့မရဘူးဆိုရင်အောက်က css ဖိုင်လေးကို ဒေါင်းလုဒ်ယူပါ.. ဖိုင်အနေနဲ့ ဒေါင်းလုဒ်မရရင်ပေါ်လာတဲ့ ကုဒ်တွေကို Note pad မှာ ထည့်ပြီး .css နဲ့save ပေးပါ.. ပြီးရင် IEကိုဖွင့်ပါ.. Tools >Internet Option>click Accessibility > user style sheet မှာ Format document usingmy style sheet ကို အမှန်ခြစ်ပြီး Browse ကနေတဆင့် ထည့်ပေးပါ..။
ie.css download

သင်ဟာ Firefox user ဖြစ်နေရင် ဇော်ဂျီရော Myanmar3 ကိုရော ဖတ်ရှုရနိုင်ဖို့အတွက် အောက်ပါအတိုင်းလုပ်ဆောင်ပေးရပါမယ်...
၁။ Firefox Menu > Tools > Options > Content tab မှာ Default Font ကို Zawgyi-One ပေးထားပါ.
၂။ Font Size ဘေးက Advanced button ကို ထပ်နှိပ်ပါ.. အဲဒိမှာ
“ Allow pages to choose their own fonts, instead of my selections above” ဆိုတဲ့ စာကြောင်းလေးကို အမှန်ခြစ်ပေးပါ။
ဒါဆိုရင် သင့်အနေနဲ့ Mozilla Firefox ကို အသုံးပြုပြီး Zawgyi-One နဲ့ရေးထားတာရော Myanmar3 နဲ့ရေးထားတာကိုရော ဖတ်ရှုလို့ရနိုင်ပါပြီ။ အောက်က ပုံကို ကြည့်ပြီး လုပ်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။


သင်ဟာ Google Chrome အသုံးပြုသူဆိုရင်တော့ အောက်က လင့်ကို နှိပ်လိုက်ပါ
(Parallel Universe by Mad Computerist)
Install ဆိုတာကို နှိပ်လိုက်ပါ ပြီးတာနဲ့ သင့် Google Chrome က Zawgyi ရော Myanmar3 ကိုရော web page တစ်ခုတည်းမှာ ရောရေးထားရင်တောင်မှ ဖတ်လို့ရမှာဖြစ်ပါတယ်။ Crome ရဲ့ Font setting မှာ ၃ခုလုံး ကို Zawgyi-One ပြောင်းပေးထားဖို့လိုအပ်ပြီး ၊ အောက်က Default Encoding မှာ unicode(UTF-8) ကို ရွေးပေးထားဖို့လိုအပ်ပါမယ်.။
 
ဒီနေရာကတော့ ဇော်ဂျီကနေ မြန်မာ၃ ကိုပြောင်းပေးတဲ့ Converter ပါ... ပြောင်းတာတွေက ၉၀% ကျော်မှန်တယ်လို့ဆိုပါတယ်.. တော်တော်လေးလည်း အဆင်ပြေပါတယ်... သုံးကြည့်စေချင်ပါတယ်။


ဒီနေရာလေးမှာတော့ မြန်မာ့ယူနီကုဒ်တွေ အကြောင်းကို မြန်မာလို သေချာလေး ရှင်းလင်းပေးထားတာကို လေ့လာနိုင်ပါတယ်လတ်တလော လေ့လာချင်သူများအတွက်ကတော့ wikipedia.com ကနေ တဆင့် လေ့လာပါ။
(မှတ်ချက် ။ ။ unicode နှင့် Font ကို ကွဲပြားစွာ နားလည်ဖို့လိုပါသည်။ အထက်ဖော်ပြပါ Myanmar3, Padauk-Zawgyi, WinuniInnWa ... စသဖြင့်တို့သည် Unicode 5.2 စံ စနစ်ကို လိုက်နာသော font များ ဖြစ်သည်ဟု နားလည်ရမည့်ဖြစ်ပါသည်။) 

1 comment:

  1. ကျေးဇူးအလွန်တင်ပါတယ်အစ်ကို
    ကျွန်တော့်မှာ မြန်မာ၃ ကိုဝမ်းသာအားရကြိုဆိုချင်ပေမယ့်
    လက်ကွက်တွေက လွဲနေတာတွေရှိတော့ တောတော်လေးအဆင်မပြေဖြစ်နေတာပါ
    အခုအစ်ကိုကူညီလိုက်လို့ မြန်မာ၃ ကိုပျော်ပျော်ကြီးရိုက်ပါတော့မယ်ဗျာ

    ReplyDelete