သင့်အနေနဲ့
ဇော်ဂျီလက်ကွက်ပဲ ကျွမ်းကျင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး ၊ အဲဒိအတွက်လည်း
ဇော်ဂျီလက်ကွက်အတိုင်းပဲ ရိုက်လို့ရအောင် စီမံပေးထားကြပါတယ်၊ အဲလို
ရိုက်လို့ရနိုင်ဖို့အတွက်
၁။ဒီနေရာကနေ NHM ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းလုဒ် လုပ်ဖို့ လိုအပ်ပါတယ်။
၂။ ဒေါင်းလုဒ်ပြီးတာ နဲ့ ကိုယ်ထားချင်တဲ့နေရာမှာ Extract လုပ်ပါ။
၃။NhmWriter.exe
ကို run ပါ.. Taskbar ပေါ်ရှိ Tray Icon မှာ ခေါင်းလောင်းပုံလေးကို
တွေ့ရမှာဖြစ်ပါတယ် ။ မောက်စ်နဲ့ ထောက်ကြည့်ပါ (အလွယ်မှတ်ရန် Alt +1 =
Myanmar3) ခေါင်းလောင်းလေး အ၀ါရောင်ပြောင်းသွားရင် Myanmar3
ကိုရိုက်လို့ရပါပြီ။ ..
သူက ဇော်ဂျီလက်ကွက်နဲ့ ရိုက်တာကို Myanmar3 unicode နဲ့
ဖော်ပြပေးနိုင်တာပါပဲ.. ဒီလိုဖော်ပြပေးနိုင်ဖို့အတွက် IT
ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရာဗီ ဆိုသူက စည်းမျဉ်းပေါင်း ၁သိန်းကျော် ပါဝင်တဲ့
Keyboard ဖိုင်ကို ဖန်တီးခဲ့ပြီး India က NHM(New Horizon Media) Company မှ တဆင့် အခမဲ့ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
သတိထားရန်။ ။ NHM ကိုအသုံးပြုနေစဉ်မှာ ဇော်ဂျီကိုပြန်ပြောင်းဖို့ Ctrl + Shift ကို နှိပ်လို့မရပါဘူး။
Alt +1 or Alt + 0 ကိုနှိပ်မှ ခေါင်းလောင်းလေးက ပြန်မှိန်သွားပြီး ဇော်ဂျီကိုပြန်လည်အသုံးပြုလို့ရမှာဖြစ်ပါတယ်။
Zawgyi-One ရော Myanmar3 ကိုပါ ဖတ်လို့ရအောင်လုပ်ခြင်း
သင်ဟာ IE user ဖြစ်ခဲ့မယ်ဆိုရင် ie.css နဲ့ Myanmar3_IE.reg ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့