01 December, 2012

တိုင်းရေးပြည်ရေး (မင်းဒင် ရေးသည်)

ဆိုရေးရှိပြီ ဟု ထင်မြင်သည်။ (မင်းဒင်ရေးသည်။)

ဆိုရေးရှိပြီဟု ထင်မြင်သည်။

(မင်းဒင် ရေးသည်)

တိုင်းရေးပြည်ရေးဟာ ကိုယ်ထင်တာမြင်တာနဲ့ အများကြီး ကွဲလွဲနေတတ်တာမို့ ကြက်ဥ အရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၊ ပြည်ထဲအရေး ပေါက်နဲ့ကျေးလို့ဆိုကြပါတယ်။ ကိုယ်တိုင်က သတင်းတွေ ဖတ်ပြီး နားစွင့်တဲ့အဆင့်သာရှိတာမို့ ကျနော်ဟာ နိုင်ငံရေးခေါင်းစဉ်တပ်ပြီး စာရေးခဲ ပါတယ်၊ နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ရေငုံနှုတ်ပိတ် နေလေ့ရှိပါတယ်။ ငြိမ်နေရတဲ့ အကြောင်းက ကျနော်ဟာ နိုင်ငံရေးကျမ်းတတ်မဟုတ်တဲ့အပြင် အရေးအရာလေ့လာသူ၊ ဟိုအရေး ဒီအရေး ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက်ပါပဲ။ ကိုယ့်ဘဝနဲ့ ကိုယ့်အကြောင်း နောက်ကြောင်း မရှင်း တဲ့ အခြေအနေမျိုးမှာ ကိုယ်တိုင်ဘာတစ်ခုမှ ထိထိရောက်ရောက် ဝင်မလုပ်နိုင်ပဲ လူမှုကွန်ယက် တွေ ကနေ အာချောင်ရုံသက်သက် အလုပ်ကို ကျနော်မုန်းပါတယ်။ အခုကော ဘာဖြစ်လို့ ရေးရသတုန်း မေးလို့ တိုတိုဖြေရရင် မပြောမဖြစ်ဘူးလို့ ခံစားမိလို့ပါ ။ရေးတာကို ဖတ်ပြီးယုံကြည်လက်ခံကြဖို့ မဟုတ်ပဲ ဝေဖန်ဆင်ခြင်ပြီး ဝိုင်းဝန်နည်းလမ်းရှာကြံဖို့သာ ရည်သန်မျှော်လင့်ပါတယ်။

၁။ ညီအကိုမသိတသိ အချိန်

မြန်မာပြည်ကြီး
ပြောင်းလဲနေပြီလို့ ဆိုကြပါတယ်။မှန်ရာကို ဝန်ခံရရင် ယုံကြည်လက်ခံနိုင်စရာ အချက်တချို့ရှိနေဆဲ ဖြစ်သော်ငြား တိုင်းပြည်နာလွန်းနေတဲ့ အခြေအနေမို့ ပြောင်းခဲ့ပြီ ဆိုတာကို ကောင်းတဲ့ဖက်က တွေးပြီး ကျိတ်ဝမ်းသာနေခဲ့သူပါ။
အစိုးရကော အတိုက်အခံပါ ကမ္ဘာပေါ်လျှောက်ပါလို့ နှံ့သလောက်လည်နိုင်ပြီး ထိတွေ့ဆက်ဆံကြ နေတာ၊ မီဒီယာတွေ ပွင့်လင်းလာတာ တံခါးတွေပိုပွင့်လာ၊ဧည့်သည်တွေ စုံပြုံဝင်ရောက်လာကြတာ တွေဟာ၊ မျက်မြင်ကိုယ်တွေ့မို့ ပြောင်းလဲခြင်းအပေါ် ကျနော့် ယုံကြည်ချက်က ပိုတိုးလာပါတယ်။ ဒီမှာတင် လယ်သမားအရေး အလုပ်သမားအရေး ရခိုင်အရေး ဦးပိုင်အရေးတွေ ဆက်တိုက်ပေါ်လာ ပြန်တော့ ဒါဟာအပြောင်းအလဲရဲ့ နောက်ဆက်တွဲ သာမန်ဖြစ်ရပ်လို့သာ မှတ်ယူ လက်ခံထားခဲ့ ပါတယ်။

၂။ လက်ပံတောင်းတောင်အရေးမှ အနိဌာရုံများ

15 November, 2012

Learn to Speak English Online

Learn to Speak English Online
အမေရိကန်နိုင်ငံမှာနေထိုင်သော ဆရာမောင်မောင်ဝမ်း online မှာသင်ကြားပို့ချသော သင်ခန်းစာများ
စိတ်ဝင်စားမယ်ဆို၇င်  ဒီနေ၇ာမှာ  လေ.လာလိုက်ပါ


PicturePicture

07 November, 2012

Shawebook ဆော့ဝဲ version အသစ် 2.0

Shawebook ဆော့ဝဲ version အသစ် 2.0 ထွက်ရှိလာပါပြီ ။ Android ဖုန်းနဲ့Tablet တွေအတွက်အသစ်ထွက်ရှိလာတဲ့ အင်္ဂလိပ်-မြန်မာ ၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်လေးဖြစ်ပါတယ်။ မိမိသိချင်တဲ့ စကားလုံးကို မြန်မာလိုရော အင်္ဂလိပ်လိုရော အဓိပ္ပါယ်ဖွင့်ဆိုရှာဖွေနိုင်ပါတယ်။ ရှ
ိထားသင့်တဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆော့ဝဲလေးဖြစ်ပါတယ်။ ဒီ Shwebook Android Application လေးနဲ့ပတ်သက်ပြီး ဝေဖန်အကြံပေးချင်ရင် support@shwebook.com ကိုမေးလ်ပို့ပြီးအကြံပြုနိုင်တယ်လို့ဆိုပါတယ်။ Shwebook app ကိုရေးသားတဲ့ Developer တွေရဲ့ Site ဖြစ်တဲ့ www.shwebook.com မှာလည်း ဒီဆော့ဝဲလေးအကြောင်းအသေးစိတ် လေ့လာနိုင်ပါတယ်။ ဒီဗားရှင်းမှာတော့ app ကိုစအဖွင့်မှာ System Crash ဖြစ်တဲ့ error တစ်ချို့ကိုပြန်လည်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ Shwebook for Android

Features

Myanmart to English

English to Myanmar

Bookmark Favourite Words

Speech English Words

Add A New Word to Dictionary

ကိုအောက်က link မှာရယူနိုင်ပါတယ်။
DOWNLOAD

30 October, 2012




.
ဆီမီးရယ်ထိန် ၊
အိုင်မင်းရေကြည်က .. ၊
ကြာငါးမည် ငုံအာစွင့်တယ်.. ၊
ဖူးပွင့်ချိန်ခါ .. ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊
လင်းလာတဲ့
ငွေတာရိန်ရယ်.. ၊
ပြာမှိန်လျက် မြူချေဆိုင်း .. ။
ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊
မျိုးမြန်မာတိုင်း။ ။
.

23 October, 2012

ဘပြောင် ခေါ်မိ... အပြစ်ရှိသတဲ့လားကွယ်....

 
သယ် !!!! ဒီငမိုက်သား.. လွှတ်ထားလို့ လွှတ်ထားမှန်းမသိ.. စာရေးဆရာယောင်ယောင် .. ဘာယောင်ယောင်နဲ့ .. ငတို့ ဘွရှင်မင်းတြားကြီးကိုများ ဘပြောင်..ဘပြောင်နဲ့ .. အသရေမတိုး ဂုဏ်ရှိန်ညှိုးမယ့် ပို့စ်တွေ ဖေ့ဘွတ်ပေါ်မှာ တင်နေပါရောလား.... သွားးးး.. ယောင်ကိုဆွဲ .. ခြေကိုတည်းလို့ .. တောင်စွယ်နေကွယ်ရင် မြောက်စမုဒ်ကထုတ်.. (ရ ဥ)ကိုမီးဖုတ်ပြီးသတ်စေ..အမိန့်တော် ))))))) ...... ********************************************************************************************* အချိန်ကား ....... ------------ အချိန်ကား မြန်မာ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ကုလားဖြူသက္ကရာဇ် ၂၀၁၃ ခုနှစ် ပြည်ထောင်စုဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးတွင် အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ (ဘာဆိုလားပဲ) ဦးသိန်းစိန် ဟူသော မင်းတြားကြီး ထီးနန်းအုပ်ချုပ်ဘုရင်လုပ်နေတော်မူချိန်ဖြစ်လေသည်။ အဆိုပါမင်းတြားကြီးသည် မျိုးရိုးစဉ်ဆက် ဘုရင်ဇာတ်မပါသော်ငြား.

10 October, 2012

window loader Activate Windows

   သူငယ်ချင်းတယောက်တောင်းထားလို.ပါခုထိတော.အဆင်ပြေ ပါတယ်          
   ဒီမှာပါ   DOWNLOAD

01 October, 2012

Nga Tat Pyar Game

  • ငတက်ပြား ဆိုတဲ့ မြန်မာ Game ကို Android Google Play မှာ အခမဲ့ Download လုပ်ရယူနိုင်ပါပြီ။
  • ငတက်ပြား Game ကို စင်ကာပူ အခြေစိုက် မြန်မာ လူငယ်များ ဖွဲ့စည်းတည်ထောင်ထားတဲ့ Rival Edge Studio ကနေ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။