ဟာသ






ည၀တ်အင်္ကျီ ... အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။ " ဒါ ဘာလုပ်တာလဲ" "ယောက်ျားအပြန်ကို စောင့်နေတာလေ" "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား" "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်" "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ" "ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ "ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက " ဟာ မင်းည၀တ်အင်္ကျီကလည်း မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။
တူဘူးလေ.
ပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစားစုံတွဲ တစ်တွဲထိုင်နေသည်။ ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေသည်။ သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောသမျှကို အဘိုးကြီးအတိုင်းသား ကြားနေရ၏။ မိန်းကလေးက"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်" ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏။ ထို့နောက်"မူးသေးလားဟင်" "ဟင့်အင်း၊ ပျောက်သွားပြီ" အတန်ကြာသောအခါ...... မိန်းကလေးက "မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ" ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏ "ဘယ်လိုနေသေးလဲ" "အင်း..သက်သာသွားပြီ" ခဏကြာသော်... "မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ် မသိဘူး၊ တဆစ်ဆစ်နဲ့" ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏။ တဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာ၏။ ထို့ကြောင့်လှမ်းပြောလိုက်၏။ ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ 'ဦးမှာ လိပ်ခေါင်းဖြစ်နေလို့' တဲ့
ပိုင်ပါပေ့…..

ပီရှိကန်က ရေကန်တစ်ကန်မှာ ငါးမျှားပြီးတဲ့နောက် ဂျွန်ဟာ ငါးပြေမ နှစ်ကောင်ကိုင်ပြီး ၊ လေတခွန်ချွန်နဲ့ လမ်းလျှောက်လာတယ်။ လှမ်းမြင်လိုက်တဲ့ ကန်ထိန်းသိမ်းရေးအရာရှိက ငါးဖမ်းလိုင်စင်ပြခိုင်းတဲ့အခါ….
``ကျုပ်က ငါးလာမျှာယးတာ မဟုတ်ဘူး။ ဒါအလှမွေးငါးတွေ ။ သူတို့ကို ရေထဲလွှတ်၊ ဆော့ခိုင်းတယ်။ ပြီးရင် လမ်းခေါ်လျှောက်ပြီး အိမ်ပြန်တာ`` လို့ ဂျွန်က ပြောလိုက်တယ်။ `` ခင်ဗျားမဖြစ်နိုင်တာတွေ လာမပြောနဲ့၊ လိုင်စင်မရှိဘဲ ငါးဖမ်းတာ ရာဇဝင်မှု မြောက်တယ်နော်`` လို့ အရာရှိက ပြောလိုက်တယ်။ `` ကဲ မယုံရင် ဒီမှာကြည့်ဗျာ`` ပြောပြောဆိုဆိုပဲ ဂျွန်က ငါးနှစ်ကောင်ကို ရေထဲ လွှတ်ပေးလိုက်တယ်။
``ခင်ဗျားငါးတွေ ပြန်လာတက်တယ်ဆို ခေါ်ပြလေ`` လို့ အရာရှိက ခပ်ထေ့ထေ့ လှမ်းပြောလိုက်တယ်။
မင်သေသေနဲ့ ဂျွန်ပြန်ပြောလိုက်တာက……..
``ဘယ်တစ်ကောင်ကို အရင် ခေါ်ပေးရမလဲ…``

                         ***************

မှတ်ပလားဟဲ့ … အီတလီခေါက်ဆွဲ

အမျိုးသားတစ်ယောက်ဟာ အချိန်အတော်ကြာအောင် အီတလီ အမျိုးသမီးတစ်ယောက်နဲ့ တိတ်တစ်ဆိတ် ချစ်ကျွမ်းဝင်နေခဲ့ကြတယ်။ တစ်နေ့ အမျိုးသမီးမှာ သူ့ရင်သွေးကို လွယ်ထားလိုက်ရပြီလို့ သိလိုက်တဲ့အခါ အိမ်ထောင်ရေးမှာ အနှောက်အယှက် မဖြစ်စေချင်တာကြောင့် ငွေအများကြီး ပုံပေးလိုက်တဲ့အပြင် အီတလီပြန်ပြီး ကလေးမွေးမယ်ဆိုရင် ကလေးအသက် ၁၈ နှစ် အထိ ထောက်ပံ့မယ်လို့ ကတိပြုလိုက်တယ်။
``ကောင်းပြီလေ၊ ကလေးမွေးတဲ့အခါ ရှင့်ကို ဘယ်လိုအသိပေးရမလဲ`` လို့ အမျိုးသမီးက ပြောလိုက်တယ်။
``ငါ့ဆီကို စပါဂက်တီ(အီတလီခေါက်ဆွဲ)လို့ ရေးပြီး ပို့စကတ်တစ်ခုသာ ပို့လိုက်။ ပို့စကတ်ရတာနဲ့ ငွေစလွှဲပေးမယ်`` လို့ အမျိုးသားက ပြောလိုက်တယ်။ ကိုးလလောက်ကြာပြီးတော့ တစ်နေ့ သူ့အိမ်ပြန်ရောက်တဲ့ အခါ… ``မောင်ရေ… ထူးဆန်းတဲ့ ပို့စကတ်တစ်ခု ရှင့်ဆီရောက်နေတယ်`` လို့ ဇနီးက ပြောလိုက်တယ်။
``ဘယ်မှာလဲ အဲဒီကတ်။ မြန်မြန်ပေး… ပြီးမှ ကိုယ်ပြောပြမယ်`` လို့ ခင်ပွန်းကဆိုလိုက်တယ်။ ကတ်ကိုဖတ်ပြီးတဲ့နောက်မှာတော့ အမျိုးသားရဲ့ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်ပြီး သတိလစ်မတက် ဖြစ်သွားတယ်။ ကတ်မှာ ရေးထားတာကတော့…
``စပါဂက်တီ၊ စပါဂက်တီ၊ စပါဂက်တီ၊ စပါဂက်တီနှင့် စပါဂက်တီ (အသားလုံးနှင့် သုံးပွဲ၊ အလွှတ်နှစ်ပွဲ)``
စာကြွင်း။     ။ ဆော့စ် ပိုပေးပါရန်။

                           ****************

အကြံကောင်း

ရှေ့နေ ဝီလျံတစ်ယောက် ခက်ခဲလှတဲ့ အမှုအတွက် အတော့ကို ခေါင်းခြောက်နေရပါတယ်။ ဒါကြောင့် အမှုတွဲကို ကိုင်တွယ်နေတဲ့ တရားသူကြီးကို နှစ် ၁၀၀ ဘရန်ဒီတစ်လုံး လက်ဆောင်ပို့ပေးလိုက်ပါတယ်။
ဒါကို သူ့အမှုသည် သိသွားတော့ `` ဟာ…. ခင်ဗျားမသိဘူးလား။ ဒီတရားသူကြီးက လာဘ်ပေးလာဘ်ယူကို လုံးဝကြိုက်တာမဟုတ်ဘူး။ အဲဒီလိုလုပ်ရင်လည်း တရားသူကြီးတော့ ကျွန်တော့်ကို သတ်တော့မှာပဲဗျာ`` လို့ ကြောက်လန့်တကြီးနဲ့ ပြောတာကို ဝီလျံက ဒီလို ပြန်နှစ်သိမ့်ပါတယ်။
``ဘာမှစိတ်မပူနေနဲ့.. ကျုပ်က တစ်ဖက်ရှေ့နေရဲ့ နာမည်နဲ့ ပို့လိုက်တာပါဗျ``

                                      ************************

ကူညီချင်ဦးဟဲ့

ဦးကြီးတိုနီက အရမ်းကို ကူညီတက်တဲ့ သူတစ်ယောက်ပါ။ တစ်နေ့ အိမ်ကနေ ကုန်းဆင်းလေးအတိုင်း လမ်းလျှောက်လတုန်း အိမ်တစ်အိမ်ရဲ့ အဝင်ဝမှာ ကလေးငယ်တစ်ယောက် လူခေါ်ခေါင်းလောင်းကို မမီတမီနဲ့ နှိပ်ဖို့ကြိုးစားနေတာကို တွေ့လိုက်တော့ သူကူညီမှပဲလို့ ယူဆပြိးကလေးငယ်ရဲ့ နောက်နား ဆီမှာရပ်ရင်း လူခေါ်ခေါင်းလောင်းကို နှိပ်ပေးလိုက်ပါတယ်။
အဲဒီနောက် ကလေးငယ်ရဲ့ ပခုံးကို ကြင်ကြင်နာနာနဲ့ လှမ်းဖက်ပြီး ``ကဲ လူလေး ဦးလေး အခုဘာလုပ်ပေးရဦးမလဲလို့`` ဦးလေးတိုနီက မေးလိုက်တော့ ကလေးငယ် ပြန်ပြောတာက ``ဗျာ… ဘာထပ်လုပ်ရဦးမှာလဲ ဟုတ်လား။ ပြေးရမှာပေါ့။ အထဲက လူထွက်လာရင် သူ့ဘဲလ်ကို အားအားယားယား တီးရသလားဆိုပြီး လိုက်ရိုက်မှာပေါ့``

                                     *******************


မျိုးနဲ့ရိုးနဲ့

ဆိုဖီလေးတစ်ယောက် လူသားတွေ ဘယ်လို စတင်ဖြစ်လာသလဲဆိုတာကို အရမ်းသိချင်နေပါတယ်။
ဒါနဲ့ မိခင်ဖြစ်သူကိုမေးတော့ ``ဘုရားသခင်က အာဒံနဲ့ အေဝကို ဖန်ဆင်းပေးခဲ့တယ်။ သူတို့နှစ်ယောက်က ကလေးတွေရပြီး လူသားမျိုးနွယ်တွေ ဖြစ်ပေါ်လာတာပေါ့ သမီးရယ်`` လို့ ရှင်းပြပါတယ်။
နောက်နှစ်ရက်အကြာမှာ ဖခင်ဖြစ်သူကို ဒီမေးခွန်းပဲ ပြန်မေးတော့ `` ဟိုး… ကမ္ဘာဦးအစ မျောက်တွေကနေ အဆင့်ဆင့်ပြောင်းလဲလာလိုက်တာ အခု လူသားတွေဖြစ်တဲ့အထိပဲပေါ့`` ဆိုတဲ့ အဖြေကို ရပါတယ်။
အဖြေနှစ်ခုကြောင့် စိတ်ရှုပ်သွားတဲ့ ဆိုဖီက မိခင်ကို ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ဘယ်ဟာက အမှန်လဲလို့ ထပ်မေးတော့ သူ့မေမေက ဒီလိုဖြေတယ်။
``သြော်.. သမီးရယ်.. အဖြေက ရှင်းနေတာပဲဟာ။ မေမေက အမေ့မိသားစု အကြောင်းပြောတာ။ သမီးအဖေက သူ့မျိုးရိုးအကြောင်း ပြောတာပေါ့အေ… ``


                                          ***************************

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်

ဦးတိုနီရဲ့ အိမထောင်သက်တမ်းဟာ ၄၅ နှစ်တောင်ရှိနေပါပြီ၊ သားသမီး ၁၁ ယောက်၊ မြေး ၂၂ ယောက်နဲ့အတူ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဒီလို တစ်သက်တာ လက်တွဲနိုင်ဖို့ အိမ်ထောင်ရှင်တစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို သားသမီးနဲ့ မြေးတွေက ဝိုင်းပြီးတော့ မေးမြန်းကြတဲ့အခါ ဦးတိုနီက..
``ဟိုး… လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာက ငါတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ကတိထားခဲ့ကြတယ်`` လို့ စလိုက်တော့ အားလုံးက သိချင်ဇောများသွားပါတယ်။
အဲဒီနောက် သူဆက်ပြောတာက ``အဲဒီကတိက အိမ်ပေါ်ကနေ ရန်ဖြစ်လို့ အရင်ဆင်းတဲ့သူက ကလေးတွေအကုန်လုံး တစ်ပါတည်းခေါ်သွားရမယ်လေ``တဲ့။

                                      ********************

အမြင်တော်တော်ကောင်းတာပဲ

အမျိုးသမီးတစ်ဦးဟာ စိုးရိမ်တကြီးကယောင်ချောက်ချားပုံစံနဲ့ သူ့ဆရာဝန်ဆီ အပြေးအလွှားရောက်သွားတယ်။
``ဒေါက်တာ ကျွန်မကို ကြည့်ပါဦး။ ဒီမနက် ကျွန်မအိပ်ရာထထချင်း မှန်ကြည့်မိတော့ ကျွန်မဆံပင်တွေက ရှုပ်ပွနေတာပဲ ဒေါက်တာ။ နောက်ပြီး အသားအရေတွေကလည်း အဘွားအိုကြီးလို တွန့်ပြီးရွဲကျနေတယ်။ မျက်လုံးတွေကလည်း တော်တော်ကို ကြည့်ရဆိုးတာပဲ။ တစ်ကိုယ်လုံးကြည့်ရတာ ကမ္မဌာန်းရုပ်ပေါက်နေသလိုပါပဲ ဒေါက်တာရယ်၊ လုပ်ပါဦး။ ကျွန်မဘာဖြစ်တာလဲ။ ကယ်ပါဦးရှင်။``
ဆရာဝန်ကသူ့ကို သေသေချာချာ စစ်ဆေးကြည့်ပြီးမှ တည်တည်ငြိမ်ငြိမ်ပဲ ပြောပါတယ်။
``အင်း…. ကျွန်တော် ပြောနိုင်တာ တစ်ခုကတော့ ခင်ဗျား မျက်လုံးတွေ တော်တော်ကောင်းတယ်။ ဘာမှ အမြင်မမှားဘူး``

                                            ***************************