24 February, 2013

MYANMAR UNIOCDE FONT 4

သင့်အနေနဲ့ ဇော်ဂျီလက်ကွက်ပဲ ကျွမ်းကျင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး ၊ အဲဒိအတွက်လည်း ဇော်ဂျီလက်ကွက်အတိုင်းပဲ ရိုက်လို့ရအောင် စီမံပေးထားကြပါတယ်၊ အဲလို ရိုက်လို့ရနိုင်ဖို့အတွက်

၁။ဒီနေရာကနေ NHM ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းလုဒ် လုပ်ဖို့ လိုအပ်ပါတယ်။
၂။ ဒေါင်းလုဒ်ပြီးတာ နဲ့ ကိုယ်ထားချင်တဲ့နေရာမှာ Extract လုပ်ပါ။
၃။NhmWriter.exe ကို run ပါ.. Taskbar ပေါ်ရှိ Tray Icon မှာ ခေါင်းလောင်းပုံလေးကို တွေ့ရမှာဖြစ်ပါတယ် ။ မောက်စ်နဲ့ ထောက်ကြည့်ပါ (အလွယ်မှတ်ရန် Alt +1 = Myanmar3) ခေါင်းလောင်းလေး အ၀ါရောင်ပြောင်းသွားရင် Myanmar3 ကိုရိုက်လို့ရပါပြီ။ .. သူက ဇော်ဂျီလက်ကွက်နဲ့ ရိုက်တာကို Myanmar3 unicode နဲ့ ဖော်ပြပေးနိုင်တာပါပဲ.. ဒီလိုဖော်ပြပေးနိုင်ဖို့အတွက် IT ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရာဗီ ဆိုသူက စည်းမျဉ်းပေါင်း ၁သိန်းကျော် ပါဝင်တဲ့ Keyboard ဖိုင်ကို ဖန်တီးခဲ့ပြီး India က NHM(New Horizon Media) Company မှ တဆင့် အခမဲ့ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
သတိထားရန်။ ။ NHM ကိုအသုံးပြုနေစဉ်မှာ ဇော်ဂျီကိုပြန်ပြောင်းဖို့ Ctrl + Shift ကို နှိပ်လို့မရပါဘူး။
Alt +1 or Alt + 0 ကိုနှိပ်မှ ခေါင်းလောင်းလေးက ပြန်မှိန်သွားပြီး ဇော်ဂျီကိုပြန်လည်အသုံးပြုလို့ရမှာဖြစ်ပါတယ်။


Zawgyi-One ရော Myanmar3 ကိုပါ ဖတ်လို့ရအောင်လုပ်ခြင်း
သင်ဟာ IE user ဖြစ်ခဲ့မယ်ဆိုရင် ie.css နဲ့ Myanmar3_IE.reg ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့

MYANMAR UNIOCDE FONT 3

Download Key Magic version 1.5.1
download လုပ်ပြီးတာနဲ့​ install မလုပ်ခင် မိမိစက်မှာ 
.net framework 3.5 နဲ့ Microsoft Visual C++ 2008 SP1 Redistributable Package ကို အောက်ကလင့်၂ခုမှာဒေါင်းပါ .. မိမိစက်ထဲကို Install လုပ်ပါ။
http://www.microsoft.com/download/en/details.aspx?id=21

http://www.microsoft.com/download/en/details.aspx?id=5582

64bit Windows သမားများကတော့ အောက်ကလင့်ကိုပါ ထပ်ပြီးဒေါင်းလုဒ်လုပ်ပြီး Install လုပ်ပါ။..
http://www.microsoft.com/download/en/details.aspx?displaylang=en&am...

ပြီးမှ Key Magic ကို Install လုပ်ပါ... 
စာရိုက်စံနစ် စုစုပေါင်း ၅ ခု ပါရှိပြီး နှစ်သက်ရာကိုရွေးချယ် 
အသုံးပြုနိုင်ပါတယ်။ Install လုပ်ပြီးရင် tray 
icon နေရာမှာ အောက်ကပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။


အသေးစိတ်ကို KeyMagic Developer ကိုသန့်သက်ခင်ဇော်ရဲ့  blog မှာ ဆက်လက်လေ့လာနိုင်ပါတယ်


ဇော်ဂျီနဲ့ ကွန်းမန့် ပေးချင်တယ်ဆိုရင်လည်း ယူနီကုဒ် အသုံးပြု တဲ့လူတွေပါ မြင်ရအောင် အောက်က ကုဒ်ကို HTML editor ကနေ ထည့်သွင်းပြီး ကွန်းမန့်ပေးနိုင်ပါတယ်။


<font face="Zawgyi-One">ဒီမှာ ရေးချင်တာကို ဇော်ဂျီဖောင့်နဲ့ ရေး </font>

အဲလိုမှမဟုတ်ရင်တော့ ယူနီကုဒ် နဲ့ ပဲ ကြိုးစားပြီး ကွန်းမန့်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဒီတိုင်းရိုးရိုးပဲ ဇော်ဂျီနဲ့ ရေးနေရင်တော့ မြန်မာ၃ ကို သွင်းထားတဲ့လူတွေအနေနဲ့ ဇော်ဂျီဖောင့်တွေကို ဖတ်လို့အဆင်ပြေမှာမဟုတ်ပါဘူး..
ယူနီကုဒ် ကီးဘုတ်လက်ကွက် ကို အောက်က ပုံမှာ ကြည့်ပါ.. သင့်စက်ထဲကိုလည်း ကူးထည့်ထားပါ။

MYANMAR UNIOCDE FONT 2

ဒီပိုစ့်က ကွန်ပြူတာနဲ့ ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိသေးတဲ့ လူတွေအတွက် ရည်ရွယ်တယ်ဆိုရင် ပိုမှန်ပါတယ်.. အမှန်ကတော့ ဘာမှ မခက်ပါဘူး..   ဒီနေရာမှာ အနည်းငယ်မှတ်သားဖို့လိုတာက Font နဲ့ Keyboard Installer ကို ကွဲပြားစွာနားလည်ထားဖို့လိုပါမယ်..
မိမိစက်ထဲမှာ Unicode စံချိန်မှီတဲ့  မည်သည့် Font ကိုမဆို သွင်းထားခြင်းအားဖြင့် ယူနီကုဒ်နဲ့ ရေးသားတဲ့ ၀ဘ်ဆိုဒ်မှန်သမျှ အဆင်ပြေစွာ ကြည့်ရှု/ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်..
Keyboard Installer ဆိုတာကတော့ မိမိစက်ထဲမှာ ရှိတဲ့ Font file ထဲက စာလုံးတွေကို မိမိရေးသားတဲ့ နေရာမှာ ပေါ်အောင် ခိုင်းစေတဲ့ Program/ Software တစ်ခုပဲဖြစ်ပါတယ်.. သင့်ရဲ့စာရိုက်တဲ့ ကီးဘုတ်ကနေ "က" ခလုတ်ကို နှိပ်လိုက်တာနဲ့ သင်စာရိုက်တဲ့ စာမျက်နှာမှာ "က" လို့ ထင်အောင် လုပ်ပေးခြင်းပါပဲ.. အရှင်းဆုံးပြောရရင် Unicode font စက်ထဲရှိရုံနဲ့ Unicode အသုံးပြုတဲ့ ဘယ်စာမျက်နှာဆို ကြည့်ရှုနိုင်မှာဖြစ်ပြီး Keyboard Installer တစ်ခုခုကို စက်ထဲသွင်းထားမှသာလျှင် Unicode ကိုအသုံးပြုပြီး စာရေးသားလို့ ရနိုင်မှာ ဖြစ်ပါတယ်..

.>> မန်မာဖောင့်ရယူရန်<<.

 ဒေါင်းလုဒ်ကျလာရင် မိမိ ဒေါင်းလုဒ်လုပ်တဲ့ ဖိုင် (လိမ္မော်ရောင်းလေးနဲ့ ကွင်းပြထားတဲ့ ဖိုင်) ကို နှစ်ချက် Double click (သိုမဟုတ်) Right click >> Open ( အနီနဲ့ ကွင်းပြထားတာ ) ကို နှိပ်လိုက်ပါ အောက်က

23 February, 2013

MYANMAR UNIOCDE FONT 1

မင်္ဂလာပါ ခင်များ..

မြန်မာနိုင်ငံအတွက် တိုးတက်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတာဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ
အတွက် ဂုဏ်ယူစရာများသာ ဖြစ်ပါတယ်..၊ အဲဒိအတွက် ခေတ်နောက်ကျ မကျန်ခဲ့စေဖို့ ကျနော်တို့တွေ
စဉ်ဆက်မပြတ် လေ့လာနေကြရပါပြီ... .။ ဒါကြောင့် မြန်မာအိုင်တီအသင်းဝင်များ အတွက်လည်း
နောက်မကျစေရလေအောင် ဒီဆွေးနွေးချက်လေးကို ရေးသားလိုက်ရပါတယ်။ ..
လက်ရှိကျနော်တို့ ကွန်ပြူတာတွေမှာ မြန်မာစာကို တွင်ကျယ်စွာအသုံးပြုနိုင်ဖို့အတွက် Myanmar NLP(Myanmar Natural Language Processing) ၊ ဇော်ဂျီဧရာသံလွင်My Myanmar၊ ပိတောက် ၊ ပုရပိုဒ် စတဲ့ အဖွဲ့များက မြန်မာဖောင့်တွေကို ယူနီကုဒ်ရဲ့ စံချိန် စံညွှန်းမှီဖြစ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်..(လက်တလောမှာတော့ အသုံးများတာက ဇော်ဂျီပေါ့.)၊ အဲလိုကြိုးပမ်းခဲ့ကြရာမှ တစ်စတစ်စ တိုးတက်ပြောင်းလဲလာခဲ့ပြီး ယခုဆိုလျှင် Myanmar NLP မှ ယူနီကုဒ် ၅.၂ စံစနစ်ကို လိုက်နာတဲ့ Myanmar3 ဆိုပြီးထွက်ရှိလို့လာခဲ့ပါပြီ.. ဒါပေမယ့် အရိုးစွဲနေပြီးသား ဇော်ဂျီလက်ကွက်ကနေ မပြောင်းလဲချင်တာကြောင့် ယူနီကုဒ်အစစ် ကိုသုံးဖို့လက်တွန့် နေကြတာတွေရှိပါတယ်.။ အဲဒိအတွက်လည်း ဇော်ဂျီလက်ကွက်အတိုင်း အသုံးပြုလို့ရအောင်ဖန်တီးပေးထား ကြပါတယ်.. နောက်မှ သူ့မူရင်းလက်ကွက်အတိုင်း ဖြည်းဖြည်းချင်း ရိုက်ကြည့်နိုင်ကြမှာပါ..။ မူရင်းလက်ကွက်ရဲ့ အားသာချက်တွေကတော့ ဇော်ဂျီဝမ်းမှာ Tide key နဲ့တွဲသုံးတဲ့ အက္ခရာမျိုးတွေ (ဤ ၊ ၌ ၊ ၍ ၊ ဿ ၊ ပါဌ်ဆင့် များ ၊ စသည်များ)ကို Shift key နဲ့ သုံးနိုင်ခြင်း ၊ တစ်ချောင်းငင် ၊နှစ်ချောင်းငင် အတိုနဲ့ အရှည်တွေကို (ု၊ူ ) (ု ၊ူ ) Shift key ကို သုံးနေစရာမလိုပဲ တွဲသုံးရမယ့် အက္ခရာ အလိုက် အစဉ်ပြေအောင် ဖန်တီးပေးထားခြင်း. ၊ (ြ - ၊ြ -- ) တို့ကို key တစ်မျိုးတည်း အသုံးပြုနိုင်ခြင်း ၊ နောက်ပြီး ယခု လက်ရှိမှာ ဇော်ဂျီတို့ဘာတို့မှာ မြန်မာလက်နှိပ်စက် တွေ အတိုင်း ရိုက်ရတဲ့ စာလုံးတွေ ကို တကယ့် စာရေးတဲ့အတိုင်း အသံထွက်ပြီးရေးလို့ရအောင် ဖန်တီးထားခြင်းတို့ စသည့် စသည့် အားသာချက်များ ရှိနေပါပြီ ..။
ဥပမာ
ပြောင်း = သဝေထိုး + ယရစ် + ပစောက် + ရေးချ + င သတ် + ၀စ္စ ၂ လုံးပေါက် (ဇော်ဂျီဝမ်း)
ပြောင်း = သဝေထိုး + ပစောက် + ယရစ် + ရေးချ + င သတ် + ၀စ္စ ၂ လုံးပေါက် (Myanmar3)
ဥပမာအရ ကျနော်တို့ ငယ်ငယ်တုန်းက စာရေးရင် အော်ရေးသလို ရေးကြည့်လိုက်ရင် ဇော်ဂျီ က မှားနေပါတယ်..
ဒီလိုအနေအထားက အားသာချက်တစ်ခုပါပဲ.. ဒါပေမယ့် လက်တလောအခြေအနေမှာ ကျနော်တို့အနေနဲ့ Myanmar3 ယူနီကုဒ် ကို ပြောင်းသုံးပေမယ့် ဇော်ဂျီကိုလည်း ချက်ချင်းကြီး လက်လွှတ်လို့မရနိုင်သေးပါဘူး..
အများစုက ဇော်ဂျီနဲ့ ပဲ အကျွမ်းတ၀င်ဖြစ်နေခဲ့ကြတာကိုး..
မြန်မာစာအနေနဲ့ ယူနီကုဒ်စံ ထဲမှာ ပါဝင်လာခြင်းက တကယ့်ကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုကြီးပါပဲ.. ကျနော်တို့ တစ်ချိန်က ဇော်ဂျီဝမ်းတို့ ဘာတို့ မပေါ်သေးခင်က Microsoft word တို့ Page Maker တို့မှာ Win Font တွေ ၊ CE Font တွေ အသုံးပြုခဲ့ကြပါတယ်..သုံးဖူးသူများ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လည်ပတ်ခဲ့ကြဖူးမှာပါ.. စက်တစ်ခုက Win-InnWa နဲ့ ရေးလိုက်တာ ကို တခြား ၀င်းအင်းဝ မရှိတဲ့ စက်မှာ အင်္ဂလိပ်စာလုံး ပေါက်ကရတွေပေါ်တာမျိုးတွေ ၊ Win Font တွေကို CE Font တွေကနေ ပြန်ဖတ်မရတာတွေ၊ ဒ ဓ ရိုက်လို့အဆင်မပြေတာမျိုးတွေ၊ တစ်ချို့ ပါဌ်ဆင့်တွေ ရိုက်ချင်ရင် Alt key နဲ့ နံပါတ်တွေ ကို အလွတ်ကျက်ထားရတာတွေ.. စသဖြင့် အဲလိုမျိုးပေါ့.. အခြားပြဿနာတွေလည်းရှိပါတယ်..။
တကယ်တော့ ဒီပြဿနာတွေက ကျနော်တို့ အသုံးပြုနေတဲ့ Operating System ကြီးမှာ ယူနီကုဒ်စနစ်ကို သတ်မှတ်ပြီးအသုံးပြုတဲ့ ကိုယ်ပိုင်ဖောင့်မရှိလို့ပါပဲ.. အထူးသဖြင့် (ထိုင်း ၊ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား စသဖြင့်သော) နိုင်ငံတွေရဲ့ ကွန်ပြူတာတွေမှာ ကိုယ်ပိုင် ဘာသာစကားပါဝင်တဲ့ OS ကို အသုံးပြုနေကြတယ် ဆိုတာ ပြည်ပနိုင်ငံတွေမှာ နေတဲ့လူတွေ သိကြပါလိမ့်မယ်.. သူတို့ ဘာသာစကားက OS မှာ ပါပြီးသားဖြစ်ပါတယ်.. ကျနော်တို့ ဘာသာစကားလည်း အဲလို ယူနီကုဒ်စံ စနစ်ထဲ ပါဝင်လာပြီဖြစ်တဲ့အတွက် နောက်ပိုင်းမှာ မြန်မာဘာသာစကားကို အသုံးပြုတဲ့ Operating System ကို အသုံးပြုလာနိုင်တော့မှာပါ.. အဲလိုအသုံးပြုလာနိုင်ခြင်းအားဖြင့် အင်တာနက်ပေါ်မှာ စာတွေ ရှာဖွေတာက အစ အင်မတန်လွယ်ကူလာတော့မှာ ဖြစ်ပါတယ်.။ ယခုလက်ရှိမှာလည်း ဇော်ဂျီကို သုံးပြီးရှာလို့ရနေပေမယ့် တိကျမှုမရှိသေးပါဘူး တနည်းအားဖြင့်ပြောရရင် အက္ခရာ အစဉ်လိုက် စဉ်လို့မရနိုင်သေးတဲ့အတွက်ကြောင့်လို့ ပြောရင်ရနိုင်ပါတယ်..။
အခြားသော အားသာချက်တွေ အများကြီးရှိပါသေးတယ်.. လောလောဆယ် Win font တွေနဲ့ပဲ ယှဉ်ပြီး စဉ်းစားကြည့်ရင် အလွယ်သိနိုင်ပါတယ်။ ခုတော့ ယူနီကုဒ် Version 5.2 စံ စနစ်အရ Code range (Hexadecimal)U + 1000 “က” အက္ခရာ ကနေ 109F ရှမ်းသင်္ကေတ(အက္ခရာ ၍ နဲ့ဆင်တူသော) အထိ သတ်မှတ်ထားပြီးဖြစ်ပါတယ်..။ မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ စကားတွေလည်း ထည့်သွင်းထားပါတယ်.။

REF;;MMITD မြန်မာစာစနစ်ကောင်းမွန်စွာပေါ်ပေါက်လာစေ၇န်

17 February, 2013

For Cs 5 User Gide pdf mr.


သူငယ်ချင်းတစ်ယောက်မေးထားတဲ.
.cs5   သုံးနည်းစာအုပ်ပါ  >>>media>>.DOWNLOAD

10 February, 2013

window 7, 8, xp, vista 32 and 64 bit start menu bar

ဝင်းဒိုး 8 ၀ယ်ပီး  start menu  မပါ၇င်သုံး၇တာအားမ၇ဘူးဆိုတဲ.သူငယ်ချင်းများအ တွက်
ဒေါင်းပီး၇င်run ပေးလိုက်ပါ.တခြားသုံး၇တဲ. function  တွေ
လဲအများကြီးပါ .တယ်.သုံးကြည်.လိုက်ပါ.shutdown   time ကို timer ချထားလို.၇ပါတယ်

.
ဒီမှာပါ >>>>
link1MEDIAFIRE
link 2



Download!

05 February, 2013

သျှင်ပင် မြတ်စွာလေးမြတ်နာ စေတည်တော်မြတ်ကြီး


လေးမျက်နှာစေတီတော် 
 ပခုက္ကူ-ရေစကြိုမြို.ထွက်
ခရီးဝက်တွင်
ဖြောင့်ဖြူးညီညာ
လမ်းသာယာနှင့်
ခေါ်တွင်သတ်မှတ်
မြေဖြူရပ်၌
ကိုးကွယ်တည်ထား
ရှေးဘုရားတစ်ဆူ
၇ှိတော်မူသည် 
ပါးစပ် ရာဇ၀င်(ေ၇ှး လူကြီးသူမ)
ခေါ်တွင်ခဲ.ကြ ဤဒေသမှ
သူငါအများလူအကြားတွင်
လှိုင်လည်းအောင်း
ထီးလည်းဆောင်း
မင်းကိုးကွယ်ရာ
လေးမျက်နှာသည်
ပန်းရံလေးယောက်
ကြည်.မြင်ညှိယူ - ထုမယူဘဲ
ဘုရားလေးဆူ တူတော်မူသည်
အံ့ဘွယ်ထူးခြား
ဤဘုရား၏ - ဘွဲ.တော်များက
ရှေ.-ရပ်ရန်အောင်
မြောက်-၇ပ်  မဉ္ဖူ
တောင်-ရပ်ဆုတောင်းပြည့်
နောက်-ရန်စဲ ဘွဲ.တော်များ၏
ရှေ.နှင့်နောက်တွင်
သျှင်ပင်မြတ်စွာဖြည့်ရပါသည်
ဤကား - လေးမျက်နှာစေတီ
ဖြစ်ပါပေသတည်း ။

ကောက္ကသံဂုံ - ဂေါဏဂုံ - ကဿပဂုံ
ဂေါတမဂုံ - ရည်ရွယ်၍တည်ထားတော်မူုသည်။
 
 

ကိုယ်တည်းတစ်ယောက်--ချမ်းသာရောက်ဖို.
ခုလောက်ကျိုးကုတ်အားမထုတ်ဘူး
ရှေးခါဘိုးဘွား--လက်ထပ်များက
ရသည်တန်ဖိုး--ထပ်မညှိးဖို.
အားကျိုးမာန်တက်ငါဆောင်ရွက်သည်---
ဆက်လက်သာသနာတည်စေသော်--