24 February, 2013

MYANMAR UNIOCDE FONT 4

သင့်အနေနဲ့ ဇော်ဂျီလက်ကွက်ပဲ ကျွမ်းကျင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး ၊ အဲဒိအတွက်လည်း ဇော်ဂျီလက်ကွက်အတိုင်းပဲ ရိုက်လို့ရအောင် စီမံပေးထားကြပါတယ်၊ အဲလို ရိုက်လို့ရနိုင်ဖို့အတွက်

၁။ဒီနေရာကနေ NHM ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းလုဒ် လုပ်ဖို့ လိုအပ်ပါတယ်။
၂။ ဒေါင်းလုဒ်ပြီးတာ နဲ့ ကိုယ်ထားချင်တဲ့နေရာမှာ Extract လုပ်ပါ။
၃။NhmWriter.exe ကို run ပါ.. Taskbar ပေါ်ရှိ Tray Icon မှာ ခေါင်းလောင်းပုံလေးကို တွေ့ရမှာဖြစ်ပါတယ် ။ မောက်စ်နဲ့ ထောက်ကြည့်ပါ (အလွယ်မှတ်ရန် Alt +1 = Myanmar3) ခေါင်းလောင်းလေး အ၀ါရောင်ပြောင်းသွားရင် Myanmar3 ကိုရိုက်လို့ရပါပြီ။ .. သူက ဇော်ဂျီလက်ကွက်နဲ့ ရိုက်တာကို Myanmar3 unicode နဲ့ ဖော်ပြပေးနိုင်တာပါပဲ.. ဒီလိုဖော်ပြပေးနိုင်ဖို့အတွက် IT ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရာဗီ ဆိုသူက စည်းမျဉ်းပေါင်း ၁သိန်းကျော် ပါဝင်တဲ့ Keyboard ဖိုင်ကို ဖန်တီးခဲ့ပြီး India က NHM(New Horizon Media) Company မှ တဆင့် အခမဲ့ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
သတိထားရန်။ ။ NHM ကိုအသုံးပြုနေစဉ်မှာ ဇော်ဂျီကိုပြန်ပြောင်းဖို့ Ctrl + Shift ကို နှိပ်လို့မရပါဘူး။
Alt +1 or Alt + 0 ကိုနှိပ်မှ ခေါင်းလောင်းလေးက ပြန်မှိန်သွားပြီး ဇော်ဂျီကိုပြန်လည်အသုံးပြုလို့ရမှာဖြစ်ပါတယ်။


Zawgyi-One ရော Myanmar3 ကိုပါ ဖတ်လို့ရအောင်လုပ်ခြင်း
သင်ဟာ IE user ဖြစ်ခဲ့မယ်ဆိုရင် ie.css နဲ့ Myanmar3_IE.reg ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့
Myanmar3_IE.reg ကို install လုပ်ပါ ။ ပြီးရင် Option ထဲမှာ Zawgyi-One ကိုပေးထားရပါမယ်.။ ဒါမှ ဇော်ဂျီရော မြန်မာ၃ကိုရော ဖတ်နိုင်မှာဖြစ်ပါတယ်.. အရင်ကတည်းက ဇော်ဂျီကို ဖတ်လို့မရဘူးဆိုရင်အောက်က css ဖိုင်လေးကို ဒေါင်းလုဒ်ယူပါ.. ဖိုင်အနေနဲ့ ဒေါင်းလုဒ်မရရင်ပေါ်လာတဲ့ ကုဒ်တွေကို Note pad မှာ ထည့်ပြီး .css နဲ့save ပေးပါ.. ပြီးရင် IEကိုဖွင့်ပါ.. Tools >Internet Option>click Accessibility > user style sheet မှာ Format document usingmy style sheet ကို အမှန်ခြစ်ပြီး Browse ကနေတဆင့် ထည့်ပေးပါ..။
ie.css download

သင်ဟာ Firefox user ဖြစ်နေရင် ဇော်ဂျီရော Myanmar3 ကိုရော ဖတ်ရှုရနိုင်ဖို့အတွက် အောက်ပါအတိုင်းလုပ်ဆောင်ပေးရပါမယ်...
၁။ Firefox Menu > Tools > Options > Content tab မှာ Default Font ကို Zawgyi-One ပေးထားပါ.
၂။ Font Size ဘေးက Advanced button ကို ထပ်နှိပ်ပါ.. အဲဒိမှာ
Allow pages to choose their own fonts, instead of my selections above” ဆိုတဲ့ စာကြောင်းလေးကို အမှန်ခြစ်ပေးပါ
ဒါဆိုရင် သင့်အနေနဲ့ Mozilla Firefox ကို အသုံးပြုပြီး Zawgyi-One နဲ့ရေးထားတာရော Myanmar3 နဲ့ရေးထားတာကိုရော ဖတ်ရှုလို့ရနိုင်ပါပြီ။ အောက်က ပုံကို ကြည့်ပြီး လုပ်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။


သင်ဟာ Google Chrome အသုံးပြုသူဆိုရင်တော့ အောက်က လင့်ကို နှိပ်လိုက်ပါ
(Parallel Universe by Mad Computerist)
Install ဆိုတာကို နှိပ်လိုက်ပါ ပြီးတာနဲ့ သင့် Google Chrome က Zawgyi ရော Myanmar3 ကိုရော web page တစ်ခုတည်းမှာ ရောရေးထားရင်တောင်မှ ဖတ်လို့ရမှာဖြစ်ပါတယ်။ Crome ရဲ့ Font setting မှာ ၃ခုလုံး ကို Zawgyi-One ပြောင်းပေးထားဖို့လိုအပ်ပြီး ၊ အောက်က Default Encoding မှာ unicode(UTF-8) ကို ရွေးပေးထားဖို့လိုအပ်ပါမယ်.။
 
ဒီနေရာကတော့ ဇော်ဂျီကနေ မြန်မာ၃ ကိုပြောင်းပေးတဲ့ Converter ပါ... ပြောင်းတာတွေက ၉၀% ကျော်မှန်တယ်လို့ဆိုပါတယ်.. တော်တော်လေးလည်း အဆင်ပြေပါတယ်... သုံးကြည့်စေချင်ပါတယ်။


ဒီနေရာလေးမှာတော့ မြန်မာ့ယူနီကုဒ်တွေ အကြောင်းကို မြန်မာလို သေချာလေး ရှင်းလင်းပေးထားတာကို လေ့လာနိုင်ပါတယ်လတ်တလော လေ့လာချင်သူများအတွက်ကတော့ wikipedia.com ကနေ တဆင့် လေ့လာပါ။
(မှတ်ချက် ။ ။ unicode နှင့် Font ကို ကွဲပြားစွာ နားလည်ဖို့လိုပါသည်။ အထက်ဖော်ပြပါ Myanmar3, Padauk-Zawgyi, WinuniInnWa ... စသဖြင့်တို့သည် Unicode 5.2 စံ စနစ်ကို လိုက်နာသော font များ ဖြစ်သည်ဟု နားလည်ရမည့်ဖြစ်ပါသည်။) 

1 comment:

  1. ကျေးဇူးအလွန်တင်ပါတယ်အစ်ကို
    ကျွန်တော့်မှာ မြန်မာ၃ ကိုဝမ်းသာအားရကြိုဆိုချင်ပေမယ့်
    လက်ကွက်တွေက လွဲနေတာတွေရှိတော့ တောတော်လေးအဆင်မပြေဖြစ်နေတာပါ
    အခုအစ်ကိုကူညီလိုက်လို့ မြန်မာ၃ ကိုပျော်ပျော်ကြီးရိုက်ပါတော့မယ်ဗျာ

    ReplyDelete