24 February, 2013

MYANMAR UNIOCDE FONT 2

ဒီပိုစ့်က ကွန်ပြူတာနဲ့ ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိသေးတဲ့ လူတွေအတွက် ရည်ရွယ်တယ်ဆိုရင် ပိုမှန်ပါတယ်.. အမှန်ကတော့ ဘာမှ မခက်ပါဘူး..   ဒီနေရာမှာ အနည်းငယ်မှတ်သားဖို့လိုတာက Font နဲ့ Keyboard Installer ကို ကွဲပြားစွာနားလည်ထားဖို့လိုပါမယ်..
မိမိစက်ထဲမှာ Unicode စံချိန်မှီတဲ့  မည်သည့် Font ကိုမဆို သွင်းထားခြင်းအားဖြင့် ယူနီကုဒ်နဲ့ ရေးသားတဲ့ ၀ဘ်ဆိုဒ်မှန်သမျှ အဆင်ပြေစွာ ကြည့်ရှု/ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်..
Keyboard Installer ဆိုတာကတော့ မိမိစက်ထဲမှာ ရှိတဲ့ Font file ထဲက စာလုံးတွေကို မိမိရေးသားတဲ့ နေရာမှာ ပေါ်အောင် ခိုင်းစေတဲ့ Program/ Software တစ်ခုပဲဖြစ်ပါတယ်.. သင့်ရဲ့စာရိုက်တဲ့ ကီးဘုတ်ကနေ "က" ခလုတ်ကို နှိပ်လိုက်တာနဲ့ သင်စာရိုက်တဲ့ စာမျက်နှာမှာ "က" လို့ ထင်အောင် လုပ်ပေးခြင်းပါပဲ.. အရှင်းဆုံးပြောရရင် Unicode font စက်ထဲရှိရုံနဲ့ Unicode အသုံးပြုတဲ့ ဘယ်စာမျက်နှာဆို ကြည့်ရှုနိုင်မှာဖြစ်ပြီး Keyboard Installer တစ်ခုခုကို စက်ထဲသွင်းထားမှသာလျှင် Unicode ကိုအသုံးပြုပြီး စာရေးသားလို့ ရနိုင်မှာ ဖြစ်ပါတယ်..

.>> မန်မာဖောင့်ရယူရန်<<.

 ဒေါင်းလုဒ်ကျလာရင် မိမိ ဒေါင်းလုဒ်လုပ်တဲ့ ဖိုင် (လိမ္မော်ရောင်းလေးနဲ့ ကွင်းပြထားတဲ့ ဖိုင်) ကို နှစ်ချက် Double click (သိုမဟုတ်) Right click >> Open ( အနီနဲ့ ကွင်းပြထားတာ ) ကို နှိပ်လိုက်ပါ အောက်က
ပုံအတိုင်းပေါ်လာပါလိမ့်မယ် 
အဲလိုမှ မဟုတ်ဘဲနဲ့ အစိမ်းနဲ့ ကွင်းပြထားသလို Open containing folder ကို နှိပ်လိုက်ရင် မိမိ ဒေါင်းလုဒ်ချတဲ့ Folder ထဲကိုရောက်သွားပါလိမ့်မယ်.. အဲဒိအခါကျ ခုနဒေါင်းလုဒ်လုပ်ထားတဲ့ mm3.ttf file ကို ရှာပါ တွေ့ရင် အောက်က ပုံမှာပြထားသလို Right click >> Copy လုပ်ပါ.. သို့မဟုတ် ကီးဘုတ်ကနေ Ctrl နဲ့ c ကို တွဲနှိပ်ပါ.။
ပြီးတာနဲ့ အောက်ကပုံမှာပြထားသလို Start menu မှတဆင့် Control panel ကိုသွားပါ (C:\WINDOWS\Fonts ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားလို့လည်း ရပါသည်။) .. Fonts  folder ကိုရှာပါ။ တွေ့ရင် အဲဒိ Folder လေးကို ဖွင့်ပြီး Right click >> Paste ကိုရွေးပါ.. သို့မဟုတ် ကီးဘုတ်ကနေ Ctrl နဲ့ v  ကို တွဲနှိပ်ပါ..
အပေါ်က နည်းတွေအတိုင်းလုပ်ပြီးတာနဲ့ သင့်ဆီက ရှိတဲ့  Firefox, Google Chrome, IE စတဲ့ Internet browser တွေနဲ့မည်သည့်ယူနီကုဒ်ဆိုဒ်ကိုမဆို ၀င်ရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်...  ယူနီကုဒ်အသုံးပြုတဲ့ ၀ဘ်ဆိုဒ်တွေကို ဖတ်ပဲဖတ်မယ် ၀င်မရေးချင်ဘူး ဆိုတဲ့ လူတွေအတွက် ဒီအထိ လိုက်ပါလုပ်ဆောင် ဖတ်ရှုပြီးရင် လုံလောက်ပါပြီ..
ပို့စ်တွေလည်း ရေးချင်တယ်  .. ကွန်းမန့်တွေလည်း ပေးချင်တယ် ပျော်ပျော်ပါးပါးဆွေးနွေးလိုသူများကတော့ ဆက်လက်ဖတ်ရှုရန် မေတ္တာရပ်ခံပါတယ်....

REF;;MMITD မြန်မာစာစနစ်ကောင်းမွန်စွာပေါ်ပေါက်လာစေ၇န်


No comments:

Post a Comment