25 September, 2012

Facebook ကို ပိုမိုကောင်းမွန်စွာအသုံးပြုခြင်း

Facebook ဟာ လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက်တွေထဲမှာ လူသုံးအများဆုံးဖြစ်သလို ဆိုက်ရဲ့ဒီဇိုင်းအပါ အဝင် ပြုပြင်ပြောင်းလဲမှုများစွာကို ပြုလုပ်ထားပါတယ်။ အခုဖော်ပြမယ့် အချက်များဟာ အသုံးပြုသူရဲ့ Facebook အတွေ့အကြုံကို နောက်တစ်ဆင့်တက်စေပြီး လူမှုရေးကွန်ရက်ကို အသုံးပြုတဲ့ အခါမှာလည်း ယခင်ကထက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံနဲ့ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

သူငယ်ချင်းအချို့ကို offline လုပ်ထားခြင်း

Facebook chat window ကို ဖွင့်ပြီး စက်သွားပုံစံ option ခလုတ်ကို နှိပ်ပါ။ ထို့နောက် “Advanced Settings” သို့သွားပါ။ Pop-up window တစ်ခုပေါ်လာတဲ့အခါမှာ “Turn on chat for all friends except” အောက်မှာရှိတဲ့ box အတွင်း offline အဖြစ် မြင်တွေ့စေလိုတဲ့ သူငယ်ချင်းများကို ရွေးချယ် ထည့်သွင်းပါ။ သူငယ်ချင်းအချို့ကိုသာ online အဖြစ် မြင်တွေ့စေလိုရင်တော့ “Turn on chat for only some friends” အောက်မှာရှိတဲ့ box မှာ online အဖြစ် မြင်တွေ့စေလိုတဲ့ သူငယ်ချင်းအမည်များကို ထည့်ပါ။



Timeline ဓာတ်ပုံများကို နေရာချိန်ညှိခြင်း

ဓာတ်ပုံတစ်ပုံကို Facebook တင်လိုက်တဲ့အခါမှာ Timeline မှာ ကိုယ်လိုချင်တဲ့အတိုင်း ဓာတ်ပုံမပေါ်တဲ့ အခက်အခဲနဲ့ ကြုံတွေ့နိုင်ပါတယ်။ အဲ့ဒီလို အခက်အခဲနဲ့ကြုံတွေ့တဲ့အခါမှာ Timeline စာမျက်နှာမှာရှိတဲ့ ပုံရဲ့ ညာဘက် အပေါ်ထောင့်က “Edit Photo” ကိုနှိပ်ပြီး “Reposition Photo” option ကို ရွေးပါ။ ထို့နောက် ဓာတ်ပုံကို နှိပ်ပြီး လိုချင်တဲ့ အနေအထားအတိုင်း ချိန်ညှိပါ။



ဓာတ်ပုံများတွင် ရိုက်ကူးခဲ့သည့် နေရာ ထည့်သွင်းဖော်ပြခြင်း

Facebook မှာ ပါဝင်တဲ့ “Places” feature ဟာ ဓာတ်ပုံများကို ရိုက်ကူးခဲ့တဲ့ ကမ္ဘာတစ်ဝန်းမှ နေရာများကို အလွယ်တကူ ဖော်ပြပေးနိုင်ပါတယ်။ Places စာမျက်နှာမှာရှိတဲ့ “Add Photos to Map” ကို နှိပ်ပြီး ဓာတ်ပုံများ ကို tag ပြုလုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ အကယ်၍ ဓာတ်ပုံတွေကို  iPhone နဲ့ Android mobile app ကနေ Facebook profile ထံ တိုက်ရိုက်တင်လေ့ရှိတယ်ဆိုရင်တော့ map တစ်ပါတည်း ပါဝင်တာကို တွေ့ရပါမယ်။


App notification များကို အလွယ်တကူ hide လုပ်ခြင်း

News feed ထဲကို ဝင်ရောက်လာတဲ့ သူငယ်ချင်းတွေရဲ့ app notification တွေကို hide ပြုလုပ်လိုတဲ့အခါမှာ Account Settings > Notifications tab သို့သွားပြီး သက်ဆိုင်ရာ app notification ကို uncheck ပြုလုပ်ပါ။ ဒီနည်းလမ်းဟာ ခင်မင်ရင်းနှီးမှုကို မပျက်စေဘဲ အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ဓာတ်ပုံများကို high resolution ဖြင့် တင်ခြင်း

တစ်ခါတစ်ရံမှာ အလွန်ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ပုံကို သူငယ်ချင်းများထံ ဝေမျှလိုတဲ့အခါ Facebook profile မှာ အဆိုပါပုံကို တင်ပြီးတဲ့အခါ သေးငယ်ပြီး မှုန်ဝါးတဲ့ ဓာတ်ပုံအနေနဲ့ မြင်တွေ့ရနိုင်ပါတယ်။ ဒါကြောင့် Facebook album တွေမှာ ဓာတ်ပုံတစ်ပုံကို upload မပြုလုပ်မီ “High Quality” box ကို click လုပ်ရန် သတိပြုပါ။

“View As” option ကို အသုံးပြုခြင်း

အသုံးပြုသူရဲ့ Facebook Timeline ကို သူငယ်ချင်းတွေက လာရောက်ကြည့်ရှုတဲ့အခါ ဘယ်လိုပုံစံနဲ့ မြင်တွေ့ရမလဲ ဆိုတာကို “View As” option ကိုအသုံးပြုပြီး ကြည့်ရှုနိုင်ပါတယ်။ Timeline စာမျက်နှာရဲ့ “Activity Log” ဘေးမှာရှိတဲ့ setting icon ကိုနှိပ်ပါ။ ထို့နောက် “View As” ကို နှိပ်ပါ။ အသုံးပြုသူရဲ့ Facebook Timeline ကို သူငယ်ချင်းတွေက လာရောက်လည်ပတ်ကြည့်ရှုတဲ့အခါ မြင်ရမယ့် ပုံစံကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Facebook history တစ်ခုလုံးကို download ပြုလုပ်ခြင်း

Status update အပါအဝင် Facebook profile တစ်ခုလုံးကို ချက်ချင်းဆိုသလို download ပြုလုပ်နိုင်ဖို့အ တွက် Facebook က အလွယ်တကူ ပြုလုပ်ပေးထားပါတယ်။ Account Settings စာမျက်နှာရဲ့ အောက်ဘက် မှာရှိတဲ့ “Download a copy of your Facebook data” link ကိုနှိပ်ပြီး archive တစ်ခုလုံးကို download ပြုလုပ်နိုင်ပါတယ်။

Facebook conversations များကို forward ပြုလုပ်ခြင်း

Facebook conversation များကို လူအများအပြားထံ ပေးပို့တဲ့အခါမှာ copy and paste နည်းလမ်းအစား Facebook message တိုင်းရဲ့ ထိပ်ဘက်မှာရှိတဲ့ “Actions” tab ကိုနှိပ်ပြီး forward လုပ်ခြင်းဖြင့် အခြားသူများ ထံ ပေးပို့နိုင်ပါတယ်။

Chat sign-in ပိတ်ခြင်းကို default ပြုလုပ်ထားခြင်း

Status update ကို ရှာဖွေဖတ်ရှုနေချိန်အတွင်း chat ပြုလုပ်စိတ်မရှိပါက Facebook chat window မှာရှိတဲ့ Settings icon ကို နှိပ်ပြီး “Turn off chat” ကို နှိပ်ပါ။ ၎င်းကဲ့သို့ ပြုလုပ်ပြီးတဲ့အခါမှာ message များကို pop-up အနေနဲ့ မဖော်ပြတော့ဘဲ inbox ထံ ပေးပို့မှာဖြစ်ပါတယ်။

Facebook ကို business card အနေဖြင့် အသုံးပြုခြင်း

Timeline စာမျက်နှာမှာ အသုံးပြုသူရဲ့အကြောင်းကို business card တစ်ခုအနေနဲ့ အတိအကျဖော်ပြလိုတဲ့ အခါမှာ အသုံးပြုသူရဲ့ Timeline နာမည်အောက်မှာရှိတဲ့ “About” link ကို နှိပ်ပါ။  Contact Info window ဘေးမှာရှိတဲ့ business card icon ကိုနှိပ်ပါ။ Moo.com ထံရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာ Facebook ပုံစံ business card ကို စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်ပါတယ်။

Facebook update ကို Twitter နှင့် အသုံးပြုခြင်း

လူမှုရေးကွန်ရက်အားလုံးကို အသုံးပြုဖို့ အချိန်မပေးနိုင်သူများအနေနဲ့ Facebook နဲ့ Twitter ကို ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။ Facebook ပေါ်က Twitter app စာမျက်နှာကိုသွားပါ။ ထို့နောက် Twitter ကနေ Facebook app ကို authorize လုပ်ပြီးတဲ့အခါမှာ tweet အားလုံးကို status update များအနေနဲ့ Facebook မှာ မြင်တွေ့နိုင်ပါပြီ။

PC ထံသို့ Facebook calendar ကို export လုပ်ခြင်း

အရေးကြီးတဲ့ event တွေနဲ့ လွဲချော်မှုမရှိစေရန်အတွက် Facebook calendar ကို Microsoft Outlook နဲ့ Apple iCal တို့မှာ export လုပ်ထားနိုင်ပါတယ်။ “Events” tab အောက်မှာရှိတဲ့ Facebook calendar သို့ သွားပါ။ ထို့နောက် settings icon ကိုနှိပ်ပါ။ “Export” ကို နှိပ်ပါ။ ထို့နောက် Facebook မွေးနေ့စာရင်းနဲ့ event တွေကို ရွေးပါ။ Desktop ပေါ်မှာရှိတဲ့ calendar app ကိုဖွင့်ပြီး export လုပ်ပါ။

Facebook Photo zoom

Facebook Photo zoom လို့ခေါ်တဲ့ chrome extension ဟာ news feed ပေါ်က ဓာတ်ပုံများကို နှိပ်စရာမလိုဘဲ full size အနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ Mouse cursor ကို image thumbnail ကို တင်လိုက်ရုံနဲ့ အရွယ်ကြီးမားတဲ့ ဓာတ်ပုံကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် zoom ကိုလည်း ချိန်ညှိနိုင်ပါတယ်။

Revert Facebook Photo viewer

ဒီ chorme extension ကတော့ ယခင် Facebook ရဲ့ photo feature အတိုင်း ဓာတ်ပုံများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံများကို ယခင် feature အဟောင်းအတိုင်းတွေ့မြင်ရမှာဖြစ်သလို comment section နဲ့ Like option တို့ကိုလည်း ယခင်အတိုင်း တွေ့ရမှာဖြစ်ပါတယ်။

Facebook Chat notifications

Facebook Chat notifications ကတော့ message ဝင်ရောက်လာတဲ့အခါမှာ desktop ပေါ်ကနေ pop-up window တစ်ခုနဲ့ အသိပေးမယ့် chrome extension ဖြစ်ပါတယ်။

Like the Page

Like the Page ကတော့ Firefox အသုံးပြုသူများအနေနဲ့  built-in Facebook share ခလုတ်မပါတဲ့ ဆိုက်တွေနဲ့ မည်သည့် ဝက်ဘ်စာမျက်နှာကိုမဆို ချက်ချင်းဝေမျှနိုင်မယ့် Firefox add-on ဖြစ်ပါတယ်။ Browser window တိုင်းရဲ့ အောက်ခြေမှာ သေးငယ်တဲ့ “Like” icon ပေါ်လာမှာဖြစ်ပြီး ၎င်း ခလုတ်ကို နှိပ်ခြင်းဖြင့် ဝေမျှနိုင်ပါတယ်။

FB Purity

ဒီ Firefox plug-in ကတော့ Facebook ပေါ်က မွေးနေ့များ၊ relationship update များ၊ tag တွဲထားတဲ့ ဓာတ်ပုံများ၊ link များ အပါအဝင် မည်သည့် notification ကိုမဆို hide ပြုလုပ်ထားနိုင်ပြီး Facebook ကို ရှင်းရှင်းလင်းလင်းနဲ့ အသုံးပြုနိုင်စေပါတယ်။

Facebook auto-logout

Facebook auto-logout ကတော့ Facebook window အလုပ်မလုပ်တဲ့အချိန် ကြာမြင့်သွားတဲ့အခါမှာ အလိုအလျောက် sign-out ပြုလုပ်ပေးနိုင်တာကြောင့် အသုံးပြုသူအတွက် လုံခြုံမှုရှိစေမယ့် Firefox add-on ဖြစ်ပါတယ်။


အင်တာနက် ဂျာနယ်ကနေဖော်ပြပေးလိုက်တာပါ

No comments:

Post a Comment