11 August, 2013

iphone ringtone ကို itune နဲ့ပြုလုပ်နည်း

ပထမဆုံး iTunes ကို ဖွင့်ပါ၊ ပြီးရင်တော့Preferences ထဲက
 General အောက်မှရှိတဲ့
 Import Settings ထဲကိုဝင်လိုက်ပါ
 AAC Encoder ကိုရွေးပြီး
 OK ကိုနှိပ်ပါ၊ Preference ထဲက OK ကိုထပ်နှိပ်လိုက်ပါ။
 မိမိ Ringtone လုပ်လိုတဲ့သီချင်းကို ရွေးပြီး Rt Click နှိပ်ကာ Get Info ထဲဝင်လိုက်ပါ။
 Options ထဲက Start Time မှာ မိမိ Ringtone စချင်တဲ့အချိန်နဲ့ Stop
Time မှာ မိမိ Ringtone ဆုံးချင်တဲ့အချိန်တွေကို ဖြည့်ပါ။ ပြီးရင် OK
ကိုနှိပ်ပါ Ringtone ကြာချိန် စုစုပေါင်းဟာ စက္ကန့် ၄၀ ကျော်နေရင် iPhone ထဲကို ထဲ့လို့မရပါဘူး
 စောစောက Start Time-Stop Time မှတ်ထားတဲ့ သီချင်းဖိုင်မှာ Rt Click လုပ်ပါ။ Create AAC Version ဆိုတာလေးနှိပ်ပြီး ခဏစောင့်ပါ
 Converting ဆိုတာလေး ပေါ်လာပါလိမ့်မယ်၊ အဲ့ဒီနောက်မှာတော့ စောစောက
သီချင်းဖိုင်နဲ့ နာမည်တူတဲ့ စက္ကန့် ၄၀ စာဖိုင်လေးတစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။
ပေါ်လာတဲ့ဖိုင်ကို Copy လုပ်ပြီးဖြစ်ဖြစ် Drag လုပ်ပြီးဖြစ်ဖြစ် Desktop
မှာ Save လုပ်ပါ။
 Desktop ပေါ်ကဖိုင်ရဲ့ Extension ဟာ .m4a ပါ။ Rename လုပ်ပြီး .m4r လို့ပြောင်းလိုက်ပါ။
 iTunes ထဲမှာ စောစောက အသစ်ပေါ်လာတဲ့ ဖိုင်ကို Delete လုပ်ပါ။
.m4r Extension ပြောင်းထားတဲ့ Desktop ပေါ်ကဖိုင်လေးကို Double Click လုပ်လိုက်ရင် iTunes Ringtones ထဲကိုရောက်သွားပါလိမ့်မယ်။
ဒီ အတိုင်းလိုက်လုပ်လိုက်ရင် iPhone အတွက် မိမိစိတ်ကြိုက်
Ringtone တစ်ခုကို မည်သည့် Software မှထပ်မလိုပဲ iTunes နဲ့တင်
ဖန်တီးနိုင်မှာဖြစ်ပါတယ်။  မလုပ်ခင်  movie လေးတစ်ခေါက်နှစ်ခေါက်လောက်အ၇င် ကြည်.ထားပါ.

No comments:

Post a Comment