သယ် !!!! ဒီငမိုက်သား..
လွှတ်ထားလို့ လွှတ်ထားမှန်းမသိ..
စာရေးဆရာယောင်ယောင် .. ဘာယောင်ယောင်နဲ့ .. ငတို့ ဘွရှင်မင်းတြားကြီးကိုများ ဘပြောင်..ဘပြောင်နဲ့ .. အသရေမတိုး ဂုဏ်ရှိန်ညှိုးမယ့် ပို့စ်တွေ ဖေ့ဘွတ်ပေါ်မှာ တင်နေပါရောလား....
သွားးးး.. ယောင်ကိုဆွဲ .. ခြေကိုတည်းလို့ .. တောင်စွယ်နေကွယ်ရင် မြောက်စမုဒ်ကထုတ်..
(ရ ဥ)ကိုမီးဖုတ်ပြီးသတ်စေ..အမိန့်တော် ))))))) ......
*********************************************************************************************
အချိန်ကား .......
------------
အချိန်ကား မြန်မာ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ကုလားဖြူသက္ကရာဇ် ၂၀၁၃ ခုနှစ် ပြည်ထောင်စုဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးတွင် အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ (ဘာဆိုလားပဲ) ဦးသိန်းစိန် ဟူသော မင်းတြားကြီး ထီးနန်းအုပ်ချုပ်ဘုရင်လုပ်နေတော်မူချိန်ဖြစ်လေသည်။
အဆိုပါမင်းတြားကြီးသည် မျိုးရိုးစဉ်ဆက် ဘုရင်ဇာတ်မပါသော်ငြား.
23 October, 2012
10 October, 2012
01 October, 2012
Nga Tat Pyar Game
- ငတက်ပြား ဆိုတဲ့ မြန်မာ Game ကို Android Google Play မှာ အခမဲ့ Download လုပ်ရယူနိုင်ပါပြီ။
- ငတက်ပြား Game ကို စင်ကာပူ အခြေစိုက် မြန်မာ လူငယ်များ ဖွဲ့စည်းတည်ထောင်ထားတဲ့ Rival Edge Studio ကနေ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။
- Google Play Access ရှိသူများ Download လုပ်ယူဖိုhttps://play.google.com/store/apps/details?id=com.RivalEdge.NgaTatPyar
- ...........................Download Here,..or download
....
- .
25 September, 2012
ကမ္ဘာကျော် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်
အသက် ၂၀ အရွယ် ကျောင်းသားလူငယ်ဘဝနဲ့ မက်ဇူကာဘတ်က
Facebook ဆိုတာကို တည်ထောင်ပြီး ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားပါတယ်။
စာရေးသူတို့ မြန်မာပြည်က အသက် ၂၀ ကျောင်းသား၊လူငယ် တွေ အတွက် အားကျစရာ
ဖြစ်ပါတယ်။ သူ့လို ဖြစ်လာဖို့ လည်း စိတ်ကူးယဉ်သူများ ရှိပါလိမ့်မယ်။ သူ့လို
တော်တဲ့သူ မရှိဘူးဆိုပြီး စာဖတ်သူတို့ ချီးမွမ်း နေပါလိမ့်မယ်။
ဇူကာဘတ်တင်မကပဲ အခြားအခြားသော ပြစရာ စံပြပုဂ္ဂိုလ် ပေါင်းများစွာ ရှိပါတယ်။
တော်တော်များများ ဟာ ကျောင်းသား လူငယ်ဘဝ ကတည်းကတင်
အောင်မြင်အောင် ဖန်တီးလာနိုင်သူများ ဖြစ်ပါတယ်။
ဒီတော့ မြန်မာပြည်က လူငယ်များကရော် သူတို့လို ဖြစ်နိုင်ပါ့မလား လို့ မေးခွန်းထုတ် စရာရှိလာပါတယ်။ စိတ်ပျက်အားငယ်သူ ရှိသလို၊ အားတက်သူများလည်း ရှိပါတယ်။ ဟိုအပြစ်တင်၊ ဒီအပြစ်တင်နဲ့ အပြစ်တင်မဆုံးသူများလည်း ရှိနေပါအုံးမယ်။ အပြစ်တင်နေရင် နှစ်ခါတိတိရှံးပါတယ်။ ထိုင်နေရင်တော့ ဒီထက် ပိုရှုံးသွားပါပြီ။ ဒီတော့ လက်ရှိ ရှိနေတဲ့အနေအထားမှာပဲ ကိုယ်က အကောင်းဆုံးဖြစ်လာအောင် ဖန်တီးရမှာ ဖြစ် ပါတယ်။ ကမ္ဘာကျော်ဖြစ်မလာနိုင်ဘူးလို့ရော် ဘယ်သူများ ပြောရဲပါသလဲ။ ဆန္ဒတစ်ခု သာရှိပြီး ကြိုးစားရင် ကြိမ်းသေဖြစ်ပါတယ်။ ဘယ် နယ်ပယ်ကိုမှ သီးသန့်မဆိုလို၊ နယ်ပယ်တိုင်းအတွက် ဖြစ်ပါတယ်။ ဘာသာရပ်အမျိုးမျိုး၊ ပရော်ဖက်ရှင်နယ်အားလုံး အတွက် ဖြစ်ပါတယ်။
ကိုယ်တိုင်ကရော် အောင်မြင်သူများထက် ပိုတော်၊ မတော် စမ်းစစ်ကြည့်ဖူးပါသလား၊

Facebook ကို ပိုမိုကောင်းမွန်စွာအသုံးပြုခြင်း
Facebook ဟာ
လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက်တွေထဲမှာ လူသုံးအများဆုံးဖြစ်သလို
ဆိုက်ရဲ့ဒီဇိုင်းအပါ အဝင် ပြုပြင်ပြောင်းလဲမှုများစွာကို ပြုလုပ်ထားပါတယ်။
အခုဖော်ပြမယ့် အချက်များဟာ အသုံးပြုသူရဲ့ Facebook အတွေ့အကြုံကို
နောက်တစ်ဆင့်တက်စေပြီး လူမှုရေးကွန်ရက်ကို အသုံးပြုတဲ့ အခါမှာလည်း ယခင်ကထက်
ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံနဲ့ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
သူငယ်ချင်းအချို့ကို offline လုပ်ထားခြင်း
Facebook chat window ကို ဖွင့်ပြီး စက်သွားပုံစံ option ခလုတ်ကို နှိပ်ပါ။ ထို့နောက် “Advanced Settings” သို့သွားပါ။ Pop-up window တစ်ခုပေါ်လာတဲ့အခါမှာ “Turn on chat for all friends except” အောက်မှာရှိတဲ့ box အတွင်း offline အဖြစ် မြင်တွေ့စေလိုတဲ့ သူငယ်ချင်းများကို ရွေးချယ် ထည့်သွင်းပါ။ သူငယ်ချင်းအချို့ကိုသာ online အဖြစ် မြင်တွေ့စေလိုရင်တော့ “Turn on chat for only some friends” အောက်မှာရှိတဲ့ box မှာ online အဖြစ် မြင်တွေ့စေလိုတဲ့ သူငယ်ချင်းအမည်များကို ထည့်ပါ။

Timeline ဓာတ်ပုံများကို နေရာချိန်ညှိခြင်း
ဓာတ်ပုံတစ်ပုံကို Facebook တင်လိုက်တဲ့အခါမှာ Timeline မှာ ကိုယ်လိုချင်တဲ့အတိုင်း ဓာတ်ပုံမပေါ်တဲ့ အခက်အခဲနဲ့ ကြုံတွေ့နိုင်ပါတယ်။ အဲ့ဒီလို အခက်အခဲနဲ့ကြုံတွေ့တဲ့အခါမှာ Timeline စာမျက်နှာမှာရှိတဲ့ ပုံရဲ့ ညာဘက် အပေါ်ထောင့်က “Edit Photo” ကိုနှိပ်ပြီး “Reposition Photo” option ကို ရွေးပါ။ ထို့နောက် ဓာတ်ပုံကို နှိပ်ပြီး လိုချင်တဲ့ အနေအထားအတိုင်း ချိန်ညှိပါ။

ဓာတ်ပုံများတွင် ရိုက်ကူးခဲ့သည့် နေရာ ထည့်သွင်းဖော်ပြခြင်း
Facebook မှာ ပါဝင်တဲ့ “Places” feature ဟာ ဓာတ်ပုံများကို ရိုက်ကူးခဲ့တဲ့ ကမ္ဘာတစ်ဝန်းမှ နေရာများကို အလွယ်တကူ ဖော်ပြပေးနိုင်ပါတယ်။ Places စာမျက်နှာမှာရှိတဲ့ “Add Photos to Map” ကို နှိပ်ပြီး ဓာတ်ပုံများ ကို tag ပြုလုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ အကယ်၍ ဓာတ်ပုံတွေကို iPhone နဲ့ Android mobile app ကနေ Facebook profile ထံ တိုက်ရိုက်တင်လေ့ရှိတယ်ဆိုရင်တော့ map တစ်ပါတည်း ပါဝင်တာကို တွေ့ရပါမယ်။

16 September, 2012
Nge..... .ငွေ...... ငွေ...... ငွေ............
**လောကကြီးမှာ လူတွေက ပြောကြတယ် (money is second god ) တဲ.( ငွေဟာဒုတိယဘုရားသခင်တဲ.)-- အခုကြပြန်တော.လဲလူတွေက ငွေဟာ-- ဘုရားသခင်ထက်တောင် -- တန်ခိုးကြီးတယ်လို. -ယူဆလာကြပြန်ပြီ--ရှာလိုက်ကြတဲ.ငွေတွေ အချိန်ရှိသရွှေ.ပါပဲ ဘာကြောင်.လဲ-? (ငွေရဲ.တန်ဖိုးကို သိလို.ပေါ.) --ဒါပေမဲ.လူတွေက( တရားကိုရော ဘာကြောင်.မရှာကြတာလဲ-မသိချင်ကြတာလဲ-?)ရှင်းရှင်းလေးပါပဲ တရားရဲ.တန်ဖိုးကို မသိကြလို.ပေါ.--ဒါပေမဲ.လေ (တရားနဲ.---ငွေ)ရဲ.တန်ဖိုးကိုနှိုင်းယှဉ်ကြည်.လိုက်ရင် သမုဒ္ဒရာ ကြီးတွေရဲ.အကျယ်အဝန်းပမာဏက (တရားပေါ.) -- အပ်ကလေးတစ်ချောင်း--ရဲ.အဖျားလေးကို ရေထဲမှာနှစ်ပြီး ခါချလိုက်ပါ --ကျလာတဲ. ရေစက်ကလေးရဲ.ပမာဏက--(ငွေ ပါ)--ဒါပေမဲ.(ဘဝ--အနေကိုပဲ ရှာနေကြဆဲ လူတွေ --ဘဝ-အဖြေ--ကိုလဲရှာနိုင်သိနိုင်တဲ. ) အခြေအနေကို-ရောက်ဖို. လို--မလို သင်.ဥာဏ်ဖြင်. ချိန်ထိုးဆင်ခြင် ကြည်.နိုင်ပါစေ--**
05 August, 2012
အညာမြေ သူငယ်ချင်းများ၇ဲ.၀ါဆိုသင်္ကံန်းဆွမ်းကပ်အလှူ မှတ်တမ်း တင်ပုံ၇ိပ်များ
သန္တိကရဝိဟာရကျောင်းတော် အန်ဆန်းမြို့ ၅၊ ၈၊ ၂၀၁၂ အညာမြေသူငယ်ချင်းတစ်စုဝါဆိုသင်္ကံန်းဆွမ်းကပ်အလှူ မှတ်တမ်း တင်ပုံ၇ိပ်များ
Go to ImageShack® to Create your own Slideshow
Go to ImageShack® to Create your own Slideshow
Subscribe to:
Posts (Atom)