16 January, 2012

ကြေးမုံသတင်းစာကပြောတဲ့ငါးထောင်တန်ဖုန်းသတင်း





 ၁၅.၁.၂၀၁၁ ရက်နေ့ထုတ်ကြေးမုံသတင်းစာထဲမှာပါလာတဲ့ ငါးထောင်တန်ဖုန်းနဲ့ပတ်သက်တဲ့ဆောင်းပါးတစ်ပုဒ်ပါ။ ဒီဆောင်းပါးကိုရေးသားတဲ့ဆောင်းပါးရှင်ကငါးထောင်တန်ဖုန်းကိုမျှော်လင့်နေကြတဲ့ပြည်သူတွေကို ဘယ်လိုပြောချင်သလဲဆိုတာ ဖတ်ကြည့်လိုက်ရင်သိပါလိမ့်မယ်။ အဲဒီဆောင်းပါးရှင်ရေးထားတဲ့အတိုင်း အောက်မှာမူရင်းဆောင်းပါးအတိုင်းဖော်ပြလိုက်ပါတယ်။

ဝန်ထမ်းများမက်သည့်အိပ်မက်ထဲတွင် ဖုန်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ဖုန်းဟုဆိုရာတွင် hand phone ခေါ် mobile phone ခေါ်လက်ကိုင်ဖုန်းကပို၍အဓိကကျသည်ဟုဆိုရမည်။ အိမ်ပိုင်ယာပိုင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ လက်ထဲတွင်ကိုင်ဆောင်နိုင်သောဖုန်းမျိုးဖြစ်၍မျှော်လင့်ကြခြင်းလည်းဖြစ်သည်။ လက်ကိုင်ဖုန်းများမိမိတို့နိုင်ငံတွင်စတင်တပ်ဆင်သည့်ကာလတွင် ၀န်ထမ်းများကိုင်နိုင်သည်မကိုင်နိုင်သည်အပထားသက်ဆိုင်ရာဝန်ကြီးဌာနများက အယုတ်အလတ်အမြတ်မရွေးချထားပေးခဲ့ပါသည်။ပေါ်ဦးပေါ်ဖျားမှာ ဖုန်းရသွားသူဝန်ထမ်းများအဖို့ထီပေါက်သည့်နှယ်ပင်ဖြစ်သည်။ ပြင်ပပေါက်ဈေးမြင့်မားလှသော လက်ကိုင်ဖုန်းကိုပြန်ရောင်းချကာ မိမိတို့ရသော လစာသက်သက်မျှဖြင့်ဘ၀တစ်သက်တာတွင် ၀ယ်ယူရန်မျှော်မှန်း၍မရနိုင်သော အိမ်ပိုင်ယာပိုင်ဘ၀သို့ရောက်ခဲ့ကြသည့်ကံထူးရှင်ဝန်ထမ်းများရှိခဲ့ကြသည်။ကံမထူးသူဝန်ထမ်းများကတော့
ဆက်၍ဆက်၍စောင့်မျှော်ကြရသည်။ယင်းနောက်မိုဘိုင်းဖုန်းစနစ်အမျိုးမျိုးတို့ထပ်မံပေါ်ပေါက်လာသည်။ ကနဦးတပ်ဆင်စရိတ်ဆိုသည်မှာလည်း ယခင်နှင့်နှိုင်းစာလျှင်တစ်ဆင့်ပြီးတစ်ဆင့်ကျဆင်းလာသည်။တစ်ချိန်ချိန်တွင် မိမိတို့လည်းကိုင်နိုင်လာလိမ့်မည်ဟုမျှော်လင့်ရင်းဖြင့်ပင်စင်ယူသူလည်းယူသွားကြကုန်ပြီ။လက်ရှိအချိန်တွင် ချထားပေးလျက်ရှိသောဖုန်းစနစ်၏ ကနဦးတပ်ဆင်စရိတ်သည်ပင်သာမန်ဦးစီးအရာရှိအဆင့်ဝန်ထမ်းတစ်ဦးအဖို့ ကိုင်ဆောင်ရန်လွယ်ကူလှသောအခြေအနေတွင်မရှိ။ အခြားဝန်ထမ်းအဆင့်များအနေနှင့်ကားဆိုဖွယ်ရာမရှိပြီ။ စိတ်ကူးအိပ်မက်ထဲတွင်ပင် ဝေးဝေးမှာနေနေရသည်။သို့သော် မျှော်လင့်ခြင်းတို့
လုံးဝပျောက်ကွယ်သွားခြင်း
တော့မဟုတ်။ နောက်ထပ်သုံးသိန်းတန်ဖုန်းများလာဦးမည်ဆိုတော့ သတင်းများ ၊ သုံးသိန်းမဟုတ်ဘဲ နှစ်သိန်းခွဲမျှသာဖြစ်မည်ဆိုသောသတင်းများ ၊ အရစ်ကျစနစ်ဖြင့်ရောင်းချပေးမည်ဆိုသောသတင်းများစသည်စသည် တစ်ယောက်စကားတစ်ယောက်နားဖြင့် ရုံးပေါက်ဝအနှံ့ပျံ့နေသောသတင်းများက မျှော်လင့်ခြင်းတို့ကိုနိုးထရှင်သန်နေစေသည်။ ပြီးခဲ့သော
လွှတ်တော်ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အိမ်နီးချင်းနိုင်ငံများမှာကဲ့သို့ ကနဦးတပ်ဆင်ခမပေးရဘဲ လက်ကိုင်ဖုန်းများချထားပေးရန်အစီအစဉ်ရှိ မရှိမေးမြန်းသောအခါ အဆိုပါလွှတ်တော်ကိုယ်စားလှယ်ကို ဖုန်းမျှော်သူတို့ကသာဓုခေါ်ကြသည်။ နောင်တွင်ဖြစ်လာလိမ့်မည် ၊ တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်နေပါသည်ဟုသက်ဆိုင်ရာက ပြန်လည်ဖြေကြားလိုက်သောအခါတွင်မူကား မိမိတို့၏မျှော်လင့်ခြင်းအိပ်မက်ရှည်လျားလိမ့်ဦးမည်ဟုသာစိတ်ကိုတုံးတုံးချထားလိုက်ကြသည်။ သို့တိုင်အောင် ထန်းရည်မူးပြီးပြုတ်ကျသော ဆက်ရက်သည် အမူးပြေလျှင်ထန်းပင်ပေါ်ပြန်သကဲ့သို့ပင် မကြာသေးမီက ကနဦးတပ်ဆင်ခ ကျပ် ၅၀၀၀ ထောင်သာပေးရမည်ဆိုသည့် မိုဘိုင်းဖုန်းစနစ်တစ်ခုတည်ဆောက်ရန် ကုမ္ပဏီတစ်ခုကကြိုးပမ်းနေကြောင်း သတင်းများ ၊ ဂျာနယ်စာမျက်နှာများအပေါ်မှာ ပေါ်ထွက်လာပြန်သောအခါ ဖုန်းမျှော်သူတို့ပြန်လည်နိုးထလာရပြန်သည်။ တစ်ဖက်မှ သက်ဆိုင်ရာဌာန(မြန်မာ့ဆက်သွယ်ရေး)မှတာဝန်ရှိသူက ဥပဒေအရလည်းကောင်း ၊ နည်းပညာအရလည်းကောင်းမဖြစ်နိုင်သေးပါကြောင်း ရှင်းလင်းလိုက်ပြန်သောအခါစောစောကမျှော်လင့်ခြင်းဖြင့်နိုးထလာခဲ့သော ၀န်ထမ်းတို့ခမျာမှာ…..။
တစ်ခါက သတင်းစာဆရာကြီးတစ်ယောက်ပြောပြခဲ့ဖူးသောပုံပြင်လေးတစ်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ဆက်ကပ်ဆရာတစ်ယောက်သည် သူ၏ချောမောလှပသောသမီးပျိုကလေးကို ကြိုးတန်းလမ်းလျှောက်နည်းသင်ပေးနေသည်။ ကျွမ်းကျွမ်းကျင်ကျင်လှလှပပလျှောက်တတ်စေရန် သင်ကြားပေးရင်းကြိုးတန်းပေါ်မှပြုတ်မကျစေရန်သတိပေးသည့်အနေဖြင့် သမီးဖြစ်သူကို “ကြိုတန်းပေါ်ကပြုတ်ကျလို့ကတော့ နင့်ကိုဟိုမြည်းနဲ့ပေးစားမယ်” ဟုဆပ်ကပ်ထဲတွင်မွေးထားသည့်မြည်းကိုလက်ညိုးထိုးပြကာခြိမ်းခြောက်လေသည်။ မြည်းကလည်း ထိုစကားကိုကြားလေသည်။ ထိုနေ့မှစ၍ ထိုမြည်းသည် ဆက်ကပ်မှခွာ၍ဘယ်ကိုမှမသွား။ သစ်ရွက်နုနှင့်မြက်စိမ်းစိမ်းတို့ကိုလည်းလျှောက်မစား ။ သူ့အဖြစ်ကိုတခြားမြည်းတစ်ကောင်က သတိထားမိ၍မေးသောအခါ သူကလည်းပွင့်ပွင့်လင်းလင်းနှင့် ရိုးသားစွာဖြေရှာသည်။”ကြိုးတန်းပေါ်ကမင်းသမီးလေးကျလာမယ့်အချိန်ကိုငါစောင့်နေတာပါ” ဟုဆို၏။
ထိုပုံပြင်လေးမှာ အဆုံးမရှိပါ။ ကြိုးတန်းပေါ်ကမင်းသမီးကလေး ကျ ၊ မကျ ပုံပြင်ထဲမှာမပါ။ အကယ်၍ ကျလာသည်ဆိုသည့်တိုင်အောင် မင်းသမီးနှင့်မြည်းဟူသည်…။

No comments:

Post a Comment