29 January, 2012

ငါးထောင်ကျပ်တန် SIM CARD ကို ရောင်းချမည့် အစီအစဉ်အား ရွှေ့ဆိုင်း

ငါးထောင်ကျပ်တန် Sim CarD အား တည်ဆဲဥပဒေအရ ရောင်းချခွင့် မရှိသောကြောင့် မိုဘိုင်း SIM Card ရောင်းချမည့် အစီအစဉ်ကို ရွှေပြည်တံခွန်မှ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရှိရသည်။
 
ရွှေ့ဆိုင်းရခြင်း အကြောင်းအရင်းမှာ ၁၉၈၉ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် အစိုးရမှ ပြဌာန်းခဲ့သော ၉/၈၉ တည်ဆဲဥပဒေအရ နိုင်ငံတော်မှသာ ဆက်သွယ်ရေး လုပ်ပိုင်ခွင့်ရှိသော ဆက်သွယ်ရေးစနစ် ဖြစ်ခြင်းကြောင့် ရွှေပြည်တံခွန်အနေဖြင့် ငါးထောင်ကျပ်တန် SIM CARD ရောင်းချခွင့် မရှိသောကြောင့် ဖြစ်သည်။
 
 
မြန်မာ့ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် ရွှေပြည်တံခွန်မှ ထုတ်လုပ်ရောင်းချမည့် ငါးထောင်တန် SIM CARD ကို ရောင်းချခွင့်မပြုသော်လည်း ပြည်သူအတွက်ဟူသော ရည်ရွယ်ချက်နှင်အညီ လာရောက်ပူးပေါင်းနိုင်ကြောင်း သိရှိရသည်။
 
“ရွှေပြည်တံခွန်နဲ့ ကျွန်တော်တို့က ပြည်သူကောင်းဖို့အတွက် နိုင်ငံရေးစကားအရ ပြောရရင်တော့ ရည်ရွယ်ချက် ခြင်းတူတာပေါ့ဗျာ အဲ့တော့ မတူတာလေးတွေ နည်းနည်း ဘေးဖယ်ထားပြီး တူတာတွေ ပေါင်းဖက်ညှိနှိုင်းရင် ကျွန်တော်တို့က ကြိုဆိုပါတယ် ကြိုက်တဲ့ ဌာနမှာ ကျွန်တော်တို့နဲ့ ဆက်လက်ပူးပေါင်းပြီး ကျွန်တော်တို့ အကောင်အထည်ဖော်သွားရင် လေး၊ ငါးနှစ်မှာ ခုဏကပြောတဲ့ ငါးထောင်တောင် မဟုတ်ဘူးပေါ့ဗျာ အလကားလုပ်ပေးလို့ရတဲ့ဟာမျိုး ဖြစ်လာနိုင်ပါတယ် “ ဟု မြန်မာ့ ဆက်သွယ်ရေး စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္နိလှ ကပြောသည်။
 
အဆိုပါ ကိစ္စရပ်များကြောင့် ရွှေပြည်တံခွန်အနေဖြင့် ငါးထောင်ကျပ်တန် SIM CARD ရောင်းချမည့် အစီအစဉ်အား ရွှေ့ဆိုင်းပြီး မြန်မာ့ဆက်သွယ်ရေး ၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
“ကျွန်တော်တို့အနေနဲ့ကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောင်းချနိုင်အောင် လုပ်မှာပါ ဒါပေမဲ့ Common Ground ရှာနေတဲ့ကာလဆိုတော့ ကျွန်တော်တို့အနေနဲ့ ငါးထောင်တန် SIM CARD ရောင်းချဖို့ကို ခေတ္တရပ်ထားပြီး မြန်မာ့ဆက်သွယ်ရေး စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနနဲ့ ပူးပေါင်းမှာပါ”ဟု ရွှေပြည်တံခွန်မှ မန်နေဂျင်းဒါရိုက်တာ ကိုလွင်နိုင်ဦးက ပြောသည်။
 
၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၂၉ရက် နံနက်ပိုင်းတွင် ပုဇွန်တောင်မြို့နယ် မြန်မာ့ဆက်သွယ်ရေး သင်တန်းကျောင်း၌ ရွှေပြည်တံခွန်မှ ငါးထောင်ကျပ်တန် Sin Card ရောင်းချနိုင်ရေး / မရောင်းချနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။

No comments:

Post a Comment